💔(part~6)💔U/Z

6.9K 395 3
                                    

#Unicode

သူတစ်ယောက်ထဲကိုဘဲ့
မြတ်မြတ်နိုးနိုးချစ်ခဲ့တာပါ ယောကျာ်းချင်းချင်းတွဲနေတဲ့လူတွေမှ အများကြီး ကျွန်တော်တစ်ယောက်ထဲဘဲ့အရှက်မရှိတာလား ကျွန်တော်တစ်ယောက်ထဲဘဲ့ သိက္ခာမရှိတာလား ကျွန်တော်တစ်ယောက်ထဲဘဲ့ ရွံဖို့ကောင်းတာလား အဲ့လိုပြောထွက်ခဲ့တဲ့သူ
နာကျင်ခဲ့ပါတယ် သူစကားကြောင့် စိတ်နာခဲ့ပါတယ် သူကို
မုန်းခဲ့လားဆို ဟအင်း မမုန်းခဲ့ဘူး ချစ်နေစဲဘဲ့
မုန်းနိုင်အောင်အကောင်းဆုံးကြိုးစားတော့မယ် ကျွန်တော်ဆုံးဖြတ်ပီးရင်ဘယ်တော့မှ ပြန်မပြင်တတ်ဘူး ။
အဲ့နေ့ အဲ့အဖြစ်အပျက်ဖြစ်ပီးကတည်းက သူအရှေ့ကျွန်တော်အရိပ်မပြောနဲ့ အငွေ့အသက်တောင်မရစေတော့ဘူး ။

flash back.......

သူကိုဖွင့်ပြောဖို့ဆိုတာဘယ်တုန်းကမှမဖြစ်နိုင်ခဲ့ဘူး လက်တွေ့မပြောနဲ့ အတွေးနဲ့တောင်မတွေးရဲ့ခဲ့ ဒီနေ့တော့ သူငယ်ချင်းအဖြစ်မိတ်ဖွဲ့မယ်လို့ဆုံးဖြတ်ခဲ့တယ်
ရိုးရှင်းခဲ့ပါတယ် ကျွန်တော် တစ်ခြားသူတစ်ယောက်ကို သူငယ်ချင်းမိတ်ဖွဲ့ချင်ရင် ကျွန်တော်အကြိုက်ဆုံး အာလူးကြော်မုန့် ပေးတယ်
ဒါက အကျင့်လေးတစ်ခုဖြစ်နေပီး ။
သူစားပွဲမှာတော့ နေ့တိုင်း မုန့်တစ်ထုပ်ဆီ သွားတင်ထားပေးလေ့ရှိတယ် ။ ဒါကိုသူသတိထားမိမယ်လို့တောင်မထင်ပါဘူး ။
ဒီနေ့တော့ ရှိသမျှသတ္တိအားလုံးမွေးပီး အရဲစွန့်ကြည့်ခဲ့သည်။

"ကျွန်တော် အကိုနဲ့ သူငယ်ချင်းဖြစ်ချင်လို့"

ခေါင်းကိုငုတ်ထားကာ လက်ထဲမှာလဲ မုန့်တစ်ထုပ်
သူကိုလှမ်းပေးခဲ့သည် သူလက်မခံခဲ့ပါ

"မင်းမလား နေ့တိုင်း ငါ့စားပွဲမှာမုန့်လာထားတဲ့တစ်ယောက်"

သူမေးလိုက်တဲ့စကားကြောင့် သူကိုမော့ကြည့်ကာ ဘာမှပြန်မပြောခဲ့ဘူး ဒီလိုငြိမ်သက်နေခြင်းက သူအတွက်တော့ ကျွန်တော်ပါဘဲ့ဆိုတာ ဝန်ခံလိုက်သလိုဘဲ့

"မင်းမရှက်ဘူးလား "

ဒါကရော ဘယ်လိုမေးခွန်းမျိုးကြီးလဲ
ဘေးမှာ သူသူငယ်ချင်းတွေရောရှိနေတယ်
ပီးတော့ သူ ရည်းစားဆိုတဲ့တစ်ယောက်လဲရှိနေခဲ့တယ်
သူအတွက် ရည်းစားဆိုတာ အကျီလဲနေသလိုပါဘဲ့ ။
ဒါပေမယ့် သူကိုမှ ချစ်နေတော့ ဘယ်လိုလုပ်ရမလဲ ။

အမုန်း၏စေရာ💔(Completed)Donde viven las historias. Descúbrelo ahora