#Unicode
မဂ်လာပွဲကိစ္စ Jeon စီစဉ်နေခဲ့တာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက
"ဖိတ်စာက အဖြူရောင် နာမည်ကိုရေးရင် အမဲရောင်သုံး
မြင်တာနဲ့မျက်စိအေးစေမယ့်ပုံစံမျိုး ""ဟုတ် ဟုတ်ကဲ့ "
ခပ်ထန်သောမျက်နှာနဲ့ ပြောနေသောJeon ကြောင့်
ဆိုင်ရှင်တောင် စကား ဖြောင့်အောင်မပြောနိုင်တော့ဆိုင်ရှင်ရဲ့အဖြစ်ကို ဥပမာတစ်ခုနဲ့နှိုင်းပြောရရင်
ရိုးရိုးရှင်းရှင်းလေး
Jeon အတိုင်းဘဲ့
ဘာမှမဟုတ်တာကို ကြောက်နေတာ
ဒူးထောက်မတတ်အပြင်ဘက်ပုံစံက ဘာမှမသိသာပေမယ်
ပိုင်ဆိုင်မှုလေး စိတ်ဆိုးပီးဆိုရင်
Jeon ငိုချင်လာသည်မှာအမှန်ပင်သူမှားတာကို ကိုယ့်အမှားလုပ်တော့
ဒေါသထွက်တာကတစ်မျိုး
သူလေးတစ်ခုခုဖြစ်သွားမှာစိုးရိပ်ရတာတစ်မျိုး
မအော်ကလဲ မအော်ရဲ
သူနဲ့အပြိုင် စိတ်ဆိုးလို့ကလဲမဖြစ်
ဘဝကြီးက လွယ်မနေဘူး"မဂ်လာခန်းမတစ်ခုလုံး အဖြူတွေဘဲ့သုံးနော်"
သူ့အတွင်းရေးမှူးကို ညွှန်းကြားနေသည်မှာ
တစ်ခုခုလွဲသွားတာနဲ့အလုပ်တန်းဖြုတ်မယ့် ပုံ
Jeon ကိုလူတိုင်း လေးစားပီးကြောက်ကြပါသည်
မကြောက်တာဆိုလို့ အိမ်က ကောက်စိန်တစ်ယောက်ဘဲ့ရှိတယ်"ဟုတ်ကဲ့ Jeon ceo ခွင့်ပြုပါအုန်း"
Jeon ခေါင်းညိမ့်ပြကာအသိမှတ်ပြုလိုက်တော့ အတွင်းရေးမှူးလဲအရိုအသေပေးကာ ရုံးခန်းထဲကနေထွက်သွားတော့သည်
မဂ်လာကိစ္စတွေ စီစဉ်နေချိန် Jeonတစ်ယောက် Companyကအလုပ်ကိစ္စတွေကိုတောင်လှည့်မကြည့်ခဲ့ ။
ဝတ်စုံတွေကအစ အသေးစိတ် သူ့စိတ်တိုင်းကျပိုင်ဆိုင်မှုလေးကို Surprise တိုက်ဖို့စီစဉ်ထားပေမယ့်ဖြစ်မလာခဲ့
ကံကြမ္မာကြီးကJeonကို အတော်လေးချစ်တာ ။"အဲ့နေ့ ရလဒ်ပါတစ်ခါတည်း ကြေညာမယ်
အောင်ပွဲခံတယ်ဆိုတာ တစ်နေ့ထဲဘဲ့ကောင်းတယ်Jungkook""ကျွန်တော့်မဂ်လာပွဲနဲ့ အဲ့လူယုတ်မာနဲ့ ဘာမှမသက်ဆိုင်ဘူး
ဘာမှလဲ မပတ်သက်ဘူး အလွတ်ကြီး သူ့လောဘနဲ့သူဘဲ့
ဦးလေး အောင်ပွဲခံချင်ရင် အောင်ပွဲခံလို့ရပါတယ်
မဂ်လာ နဲ့ အမဂ်လာ ခွဲပေးထားပါ မဂ်လာရှိတဲ့ ကျွန်တော့်တို့ရဲ့
မှတ်တိုင်နေ့ရက်လေး စိုက်ထူပီးတဲ့ အချိန်မှ လုပ် ဦးလေးစိတ်ကြိုက်
အသုဘပါ တစ်ခါထဲလုပ်ချင်ရင်လဲလုပ်ပလိုက်လို့ရတယ် "
![](https://img.wattpad.com/cover/293443476-288-k952083.jpg)