💔(part~21)💔U/Z

6.6K 365 56
                                    

#Unicode

"တောက်စ် ထင်တဲ့အတိုင်းဘဲ့
ငါ့အပိုင်ကိုများကိုယ်ထိလက်ရောက်စော်ကားရဲတယ်"

Jeonတစ်ယောက်လွန်ခဲ့တဲ့လေးရက်လောက်ကတည်းက
သူတပည့်ပို့ပေးလိုက်တဲ့
အသံဖိုင်ကို အလုပ်မအားတာနဲ့အခုမှ
နားထောင်ပီးဒေါသထွက်နေရခြင်း

"သူကရော ဘာကိစ္စ အဲ့အိမ်ကိုသွားတာလဲ
ငါမရှိတာနဲ့ လုပ်ချင်ရာလုပ်နေတော့တာဘဲ့
မနက်ဖြန်ပြန်မယ် "

"ဟုတ်ကဲ့ Jeon ceo"

ဝတ်ထားတဲ့နက်ကတိုင်ကို ဆွဲဖြုတ်လိုက်ပီး
တစ်ဦးတည်းသောအပိုင်လေးဆီ ဖုန်းခေါ်ဖို့ပြင်လိုက်သည်

••••••••••••

ထယ် တို့အိမ်မှာနေတာ ဒီနေ့ပါဆို
တစ်ပတ်ပြည့်ပီး ကို ကလဲ
အခုထိပြန်မလာသေးဘူး
ဖုန်းလဲ မဆက်ဘူး

တီးးးးးတီးးးးးတီးးးးး(ဖုန်းမြည်သံ)

ပြောရင်းဆိုရင်းဝင်လာသောဖုန်းကြောင့်
ပျော်သွားခဲ့တာတော့အမှန်ဘဲ့

"ဟယ်လို "
"jimin"

လေသံသည် မာ နေသည်

"ကို ဘယ်တော့ပြန်လာမှာလဲ"
"မပြန်လာတော့ဘူး ဒီမှာဘဲ့
တစ်သက်လုံးနေလိုက်တော့မယ်
မင်းလဲ မင်းနေချင်သလိုနေ "

Jeon ဒေါသက ထွက်နေတုန်းမို့
စိတ်ဆိုးဆိုးနဲ့ပြောလိုက်တာ
မင် ကတကယ်ထင်သွားတယ်နဲ့တူတယ်
ခေါ်နေတာ ပြန်ကိုမထူးတော့

"jimin "
"......"

"ကို ခေါ်နေတယ်လေ jimin"
"......"

တီ့

ဖုန်းကိုချပစ်လိုက်သော မင်
ရှိုက်ကာ အသံတိတ်ငိုနေတော့သည်

"ဟင့် သူတကယ်ဘဲ့ အဲ့မှာနေတော့မှာလား
ချစ်တယ်ဆို ငါဘာလုပ်လို့ လာအော်နေတာလဲ
သူဘဲ့ ဖုန်းမဆက်ဘဲ့ပစ်ထားတာ သွားပီးတဲ့နေ့ကတည်းက
နေ ငါလဲ ထယ်နားမှာဘဲ့နေတော့မယ် လာခေါ်ကြည့် ပြန်မလိုက်ဘူး"

ကုတင်ပေါ်မှာ အိပ်ချလိုက်ပီးစောင်ခေါင်းမြီးခြုံကာ
ငိုနေတော့သည် ။

Jeon ဘက်မှာလဲ မနက်ဖြန်တောင်မစောင့်နိုင်တော့
မင် ဖုန်းချလိုက်တာနဲ့ ထပ်ဆက်တော့ ဖုန်းကစက်ပိတ်သွားပီး
ချက်ချင်းလက်ငင်း ထပြန်လာရတော့သည် ။

အမုန်း၏စေရာ💔(Completed)Onde histórias criam vida. Descubra agora