#Unicode
ချစ်တယ် သိပ်ချစ်တယ် ဆိုတဲ့ စကားကလွှဲရင်
Jeon မှာ မင် ကိုပြောဖို့စကားမရှိ ။"ကို Company သွားတော့မယ်နော် "
ကုတင်ပေါ်မှာ ထိုင်ကာ စက္ကူကြယ်လေးတွေ
ခေါက်နေတဲ့ တစ်ဦးတည်းသောပိုင်ဆိုင်မှုလေးအား
လှမ်းပြောတော့ ဘာမှပြန်မပြောလား ကြယ်လေးတွေ
ကိုဘဲ့အာရုံစိုက်ကာ ခေါက်နေသူ စိတ်ဆိုးရင်
ကြယ်တွေကိုဘဲ့ဖိခေါက်တတ်တဲ့ အကျင့်လေး
လက်ထိပ်လေးတွေ နီရဲလို့နေပီး"မင် အိမ်မှာဘဲ့နေခဲ့မယ်မလား"
"နေ့လည်ကျမှ လိုက်လာခဲ့မယ် "
"လာရင် ဘယ်မှမဝင်နဲ့နော် ကို့ဆီကိုဘဲ့ လာ"
"အွန်းးးနေ့လည်စာ ယူလာပေးမယ် ကျွန်တော်လာရင်
ရုံးခန်းထဲမှာ ခဗျား တစ်ယောက်ဘဲ့ရှိပါစေနော် "အမိန့်ပေးတာ မဟုတ်ဘူး သတိပေးတာ
"အင်း ကိုယ့် ရုံးခန်းထဲ အတွင်းရေးမှူးကလွှဲရင်
ဘယ်သူကိုမှပေးမဝင်ဘူး "
"ကျွန်တော် CCTVပြန်ကြည့်မှာ"
"အမိန့်တော် အတိုင်းပါဗျာ ကိုသွားပီးနော်"
"........"စိတ်မချပေးမယ့် မလိုက်တော့ဘူး
ဒီနေ့ ခဗျားအကြောင်းတွေ အကုန်လုံးသိမှဖြစ်မယ်
မပြောပြနိုင်ရလောက်တဲ့အထိ ဘာတွေများ လျှိုဝှက်ထားတာလဲ
မဟုတ်မှ လွှဲရော အရင်မိန်းမများရှိနေတာလား"ကြီးမေ ကြီးမေရေ"
အပေါ်ထပ်ကနေ ပြေးဆင်းလာသောသူလေး
အစေခံများမှာ ရင်တမမနဲ့"အကိုလေး ဖြည်းဖြည်းဆင်းလာပါ မပြေးပါနဲ့"
"ဘာဖြစ်လို့လဲ"
"သခင်လေး မှာသွားလို့ အကိုလေးကိုပေးမပြေးပါနဲ့တဲ့"
"အစစအရာရာ လိုက်ပြောနေတယ်
ကြည့်လို့ကိုမရဘူး ကြီးမေရော""မီးဖိုချောင်မှာပါ အကိုလေး"
"အင်း "မေးပီးတာနဲ့ မီးဖိုချောင်ထဲ လစ်ခနဲပြေးဝင်သွားသော
အကိုလေးကြောင့် အိမ်မှာ တပ်ထားသော
CCTVကို အစေခံမလေးတွေ ပြန်မော့ကြည့်မိသည်"ကြီးမေ"
"ရှင် အကိုလေး ဘာစားချင်လို့လဲ"
"သား တစ်ခုလောက်မေးလို့ရမလား"
"ဟုတ်ကဲ့ မေးပါ"
"ကို က ဘာလို့သွေးကြောက်တာလဲ
ကိုဆီမှာ ဘာလို့စိတ်ဖောက်ပြန်တဲ့ရောဂါ ရှိနေရတာလဲ
အမြဲသော့ပိတ်ထားတဲ့ အခန်းကရော ဘယ်သူအခန်းလဲ
ပီးတော့ ကို့ မိဘတွေရော ကို့ မှာ အရင်ကမိန်းမရှိခဲ့ဖူးလား"