#Unicode
အရင်ကတည်းကရောမိန်းကလေးတွေနဲ့
ကင်းကင်းရှင်းရှင်းဘဲ့မို့ မဟုတ်မခံတဲ့စိတ် က
ထိန်းချုပ်လို့မရခဲ့..."ကိုယ်တောင်းပန်ပါတယ်
လက်ကလေးဖယ်ပါအုန်း မင်ရယ်"Jin hyungနဲ့ထယ်မှာတော့ ရပ်ကြည့်ရုံကလွဲရင်
ဘာမှမလုပ်နိုင်ခဲ့
Jeon ကမင်ကိုသိပ်ချစ်တာ အရမ်းကိုပေါ်လွင်ပါတယ်
ထယ်လဲ တအံ့တဩရယ် ဒီကိစ္စမှာJimin ဘက်ကမှားတာကိုတောင်
Jeon က ပြန်တောင်းပန်နေသည်မလား သူ့ယောကျာ်းက
အရမ်းချစ်ပြတော့ ဆိုးချင်တိုင်းဆိုးနေတဲ့ သူငယ်ချင်းလေးကို
ကြည့်ကာ ခေါင်းသာရမ်းလိုက်မိသည်မျက်နှာကို ကာထားသောလက်ကလေးကို
မဖယ်သေးသောသူလေးကြောင့် Jeon
စိတ်ပူကာ အတင်းဖယ်ချလိုက်သည်
မျက်ရည်အရွဲသားနဲ့ပိုင်ဆိုင်မှုလေး"ဟင့် ခဗျားသိက္ခာ ကို ကျွန်တော်
စော်ကားသလိုဖြစ်သွားတယ်မလား ဟင့်
အနူးအညွတ် တောင်းပန်ပါတယ်....""မင် တောင်းပန်စရာမလိုဘူး ကိုယ့်အမှားပါ"
"ကျွန်တော်က ခဗျား သိက္ခာကို စော်ကားခဲ့တဲ့ကောင်
အဲ့ကြောင့်မို့ ကျွန်တော်လိုကောင်နဲ့ မပတ်သက်နဲ့တော့
ရော့ ခဗျားရဲ့လက်စွပ် ခဗျားပြန်ယူ "ကျွန်တော်ကိုယ်တိုင်ဝတ်ထားပေးတဲ့ လက်စွပ်လေးကို ချွတ်ကာ
ကျွန်တော့် လက်ထဲသို့အတင်းထိုးထည့်ပေးနေသောသူလေး"အဲ့လိုတော့မလုပ်ပါနဲ့ မင်ရယ် ကိုယ်တောင်းပန်ပါတယ်
လက်စွပ်လေးကို ပြန်ဝတ်ထားပေးပါနော်"မျက်ရည်တွေ စီးကျရင်း Jeon ကပြောတော့
"ဟင့်....ခဗျားက အရမ်းမုန်းချင်စရာကောင်းတဲ့လူ"
ကြမ်းပြင်ပေါ်သို့ အရုပ်ကလေးတစ်ခုကြိုးပျက်သလို
မင် ထိုင်ချလိုက်သည်
Jeon ကတော့ လက်စွပ်လေးကို လက်စွပ်လေးပိုင်တဲ့
လက်တစ်ကြွယ် လေးမှာ ပြန်ဝတ်ထားပေးလိုက်သည်"ခဗျားလို သိက္ခာရှိတဲ့လူက ကျွန်တော်လိုသိက္ခာမရှိတဲ့ကောင်ကို
ဘာလို့အရေးတယူလုပ်ပီးတောင်းပန်နေတာလဲ ပြန်တော့
လာတွေ့စရာလဲ မလိုဘူး.."