💔(part~26)💔U/Z

5.7K 373 19
                                    

#Unicode

သူလေးနဲ့မှဖြစ်ပေါ်လာတဲ့ မပြတ်သားနိုင်တဲ့စိတ်ကြောင့်
အရာအားလုံးနှောက်နှေးခဲ့သလို အခက်လဲတွေ့စေခဲ့သည်
သူလေးကို ချစ်ခဲ့လို့ နောင်တဆိုတာမရှိသလို
ရလဲမရဘူး.......

"ထွက်တွေ့ခဲ့တယ်မလား "
"ဘာကိုလဲ မင်ရဲ့"

အလုပ်တွေများနေတာမို့ ညနေစောင်းနေတာတောင်
အိမ်မပြန်ရသေး ပိုင်ဆိုင်မှုလေးက စိတ်ဆိုးပြေသွားပေမယ့်
စစ်စရာရှိတာကိုစစ်နေလေရဲ့

"မနက်က ဘာလို့Anna ကိုထွက်တွေ့တာလဲ"

"သူကအလုပ်ကိစ္စ ပြောမလို့တဲ့ အဲ့ကြောင့်မို့
ကိုထွက်တွေ့တာ ရုံးခန်းထဲပေးမဝင်ပါဘူး"

သူလေး အမိန့်အတိုင်းဘဲ့လိုက်နာခဲ့တာ

"ရုံးခန်းထဲ ပေးမဝင်တာ တစ်ခုဘဲ့မဟုတ်ဘူး
မိန်းကလေးတွေနဲ့ ပေးမတွေ့ခိုင်းတာ ဘာကိစ္စဘဲ့ဖြစ်ဖြစ်
အတွင်းရေးမှူးခန့်ထားတာ ဘာလုပ်မလို့လဲ အတွင်းရေးမှူးကနေတစ်ဆင့်ပြောလေ....."

"နောက်တစ်ခါ မဖြစ်စေရဘူးနော်
ကို အတွင်းရေးမှူးနဲ့ဘဲ့တစ်ဆင့်ပြောခိုင်းမယ်"

"ပြုံးတောင်ပြုံးလိုက်သေးတယ် ခဗျာတော့...."

ဖြန်းးးးး

လက်မောင်းပေါ်သို့ကျရောက်လာသော လက်ဖဝါးနုနုလေး

"ဘာလို့အကြမ်းကြီးလာရိုက်နေတာလဲ
လက်ဖဝါးနုနုလေးနာနေတော့မှာဘဲ့"

"အပိုတွေလုပ်မနေနဲ့ ဖယ် "
"စိတ်မဆိုးပါနဲ့ မင်ကလဲ"
"ကျွန်တော်မကြိုက်တာတွေ လုပ်ရတာပျော်လား"

"ကို မှားပါတယ် ကို တောင်းပန်ပါတယ်
နောက်တစ်ခါမဖြစ်စေရပါဘူး"
"........."

လက်လေးကိုသွားကိုင်တော့
အကိုင်မခံတော့....

"ပြန်မယ် *

ချက်ချင်း ထကာ
ပြန်ဖို့ပြောနေတဲ့သူလေးကြောင့်

"အင်း အင်း ကို
အိမ်မှာဘဲ့ဆက်လုပ်လိုက်တော့မယ် ထ "

ဘယ်တော့မှ အလုပ်တွေကို အိမ်သယ်လေ့မရှိတဲ့Jeon
အခုတော့ အလုပ်တွေ တပွေ့တပိုက်ကြီးနဲ့ အိမ်သို့ပြန်လာခဲ့
ရတော့သည် ။ စိတ်ဆိုးနေတဲ့ ပိုင်ဆိုင်မှုလေးကို အရိပ်တကြည့်
ကြည့်နဲ့ပေါ့ ။

အမုန်း၏စေရာ💔(Completed)Donde viven las historias. Descúbrelo ahora