#Unicode
အမုန်းတွေ ရန်ငြိုးတွေ
နှောင့်ယှက်တဲ့သူတွေ မရှိတော့
ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘဝလေးက
ပူလောင်မှုကင်းပြီး အေးအေးချမ်းချမ်းလေးအခု Jeon စံအိမ်မှာ ပါးပါး အဆိုးလေးရဲ့ အသံဆာဆာလေးတွေနဲ့ ပြည့်နှက်နေပေမယ့်
နောက် ၂လနေရင်တော့ ပိစိလေးရဲ့
အသံဆာဆာလေးတွေပါ ကြားရတော့မည်"JEON JUNGKOOK!!"
"ပြန်ခေါ်လိုက်စမ်း !! ဘယ်လိုခေါ်လိုက်တယ် "
"မကြားဘူးလား "
"JEON JIMIN !!"
"မခေါ်နဲ့ အဲ့လို..."
မျှတလိုက်တာတွေ
သူ့နာမည်အပြည့်စုံခေါ်တော့ မကြိုက်..."ဗိုက်ဆာနေပြီး..."
"လုပ်ပေးနေတယ်လေကွာ...ရတော့မယ် "
"အခု အခု..."
နဂိုထဲကမှ ဆူနေတဲ့နှုတ်ခမ်းလေးသည် အလိုမကျမှုတွေနဲ့ ပေါင်းကာ ပို၍ဆူထော်လာသည်ကြောင့် Jeon
အသည်းမယားဘဲ့မနေနိုင်...ရင်ထဲ ကလိကလိ
"ဘယ်လိုလေးပြောနေတာလဲကွာ..."
"ဗိုက်ကပူ ဆိုးကဆိုးနေတော့ ငြိုငြင်ပြီးပေါ့"
တကယ် မဟုတ်က ဟုတ်က ပြောတဲ့နေရာမှာ
Jeon Jimin တို့က ပထမဘဲ့"သိရင် ပြီးတာဘဲ့..."
"ခင်ဗျား!!"
ပြောပြီးသည်နှင့် ပိုင်ဆိုင်မှုလေးသည် Jeon ထမင်းစား
စားပွဲတွင်တင်ထားသော စာရွက်စာတမ်းကို ယူကာ
ဖြဲချလိုက်သည် ။ Jeon တားချိန်တောင်မရလိုက်
တစ်စစီ ပြဲနေတဲ့စာရွက်တွေကိုလိုက်ကောက်ကာ"ဟာ အဲ့တာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေလေ
ဘာလို့ဖြဲလိုက်တာလဲ!! မဖြဲရဘူးလေ..."အော်မယ်ထင်နေရင် မှားသွားပါလိမ့်မည်
"ဒါနဲ့ဆို နှစ်ခါရှိပြီးနော် Jeon Jimin
ယောကျာ်းက ချစ်လို့အလိုလိုက်ထားတာ""အလိုလဲမလိုက်နဲ့ ချစ်လဲ မချစ်နဲ့
ခင်ဗျား လုပ်ပေးတာလဲ မစားတော့ဘူး
ဗိုက်ဆာလို့ သေသွားလဲအေးတာဘဲ့ "