#Unicode
အမုန်းတွေရန်ငြိုးတွေ သူစိတ်ထဲမှာမရှိတော့တဲ့အချိန် ပျောက်ကွယ်သွားတဲ့အချိန် အချစ်ဆိုတဲ့အရာကြီးကို တွေ့မြင်နိုင်မယ်လို့ မျှော်လင့်မိသည်။
တစ်နေ့နေ့တစ်ချိန်ချိန်တော့ သူ အမုန်းနဲ့အချစ်ကိုကောင်းကောင်းကြီးခွဲခြားနိုင်မှာပါ ။အမုန်းတွေအငြိုးတွေအရမ်းကြီးတဲ့ကောင်လေးဆီက ချစ်တယ်ဆိုတဲ့စကားပြောလာတဲ့နေ့ ကိုစောင့်မျှော်နေတဲ့
ကောင်လေးတစ်ယောက်လဲရှိသည် ။
ထိုနေ့ကိုရောက်ဖို့ဆိုတာ
သူအတွက်အလွန်ခက်ခဲလှသည် ။
ဒါပေမယ့် သူစောင့်နေမှာပါ ။ရမှာပါ ထိုကောင်လေးလိုချင်နေတဲ့
တစ်ဦးတည်းသောလူသားလေးဆီကအချစ်တွေကိုတစ်နေ့နေ့ပေါ့...🍁
••••••••••••••••••••••••••••••••••••••••••••••••••••••••••
"လိုက်ပို့ပါနော် အိမ်မှာဘဲ့နေနေရတာပျင်းလို့ပါ နော်"
"အိမ်မှာနေရတာပျင်းရင်း Companyကိုလိုက်ခဲ့ပါလား ဘာလုပ်ဖို့လဲ အဲ့ Coffee Shop ကိုဘဲ့တစ်ချိန်လုံးလိုက်ပို့ခိုင်းနေတာလဲ
မိုးလင်းတာနဲ့ အဲ့ကိုသွားမယ့်အကြောင်းဘဲ့ပြောနေတယ် နားပူတယ်နော် Park jimin မသွားရဘူး ။"နောက်ဆုံး 'မသွားရဘူး' ဆိုတဲ့စကားမှာ အသံခပ်တင်းတင်းလေးပြောလိုက်တော့ ငြိမ်ကျသွားသည် ။
"ထ ဒီနေ့ Companyလိုက်ခဲ့"
"မလိုက်ချင်ဘူး အိမ်မှာဘဲ့နေတော့မယ် အားးး
ဘာလုပ်တာလဲ ပြုတ်ကျမယ်"ရုတ်တရက် ပွေ့ချီလိုက်သောသူကြောင့်
လိပ်ပြာမလွင့်တာ ကံကောင်း"ပြုတ်ကျစရာလား ရေချိုးမယ်"
"ကို အရှေ့သွားချိုးလိုက် minနောက်မှချိုးမယ်"
"မရဘူး တူတူချိုးမယ်"
"ဟအင်း မချိုးဘူး "ရေချိုးခန်းထဲအတင်းချီသွားတာကြောင့်ရုန်းမိတယ်
"ခဗျာ ညစ်ပတ်မှာမလား မချိုးဘူးနော် အောက်ပြန်ချပေး"
"ဟုတ်တယ် ညစ်ပတ်မလို့ မင်းကို ညစ်ပတ်တာ ဒီတစ်ခါတည်းမှမဟုတ်တာ"
"ဟအင်းးးး အောက်ပြန်ချပေး "