#Unicode
ရင်ဘတ်သည်အောင့်နေစဲ
ငိုထားတဲ့မျက်ရည်တွေပါးပြင်ပေါ်မှာမခြောက်သေး
နီရဲနေတဲ့မျက်ဝန်းကုတ်ခြစ်ရာနဲ့ ထုထားလို့ နီနေတဲ့ရင်ဘတ်
အကျီကြယ်သီး ဖယိုဖရဲနဲ့ အိပ်ယာကနေနိုးထလာတဲ့ကောင်လေးကျွန်တော် အိပ်ယာကနေနိုးလာတာတောင်
သူပြန်မလာသေးပါဘူး"ဟင့် ဘာလို့ပြန်မလာသေးတာလဲ
မိုးတောင်ချုပ်နေပီး "ငိုမိပြန်ပီး သူနဲ့ပတ်သက်ရင်
ကျွန်တော်မျက်ရည်တွေမကျအောင်တားလို့မရဘူးမှောင်စပြုလာတာနဲ့အမျှ စိတ်ကလဲငြိမ်မနေတော့
အတွေးပေါင်းစုံတွေးကာ လူကအရူးတစ်ပိုင်း"ဟအင်း မဟုတ်ဘူး"
ကြောက်တယ် ဘာကိုကြောက်လို့ကြောက်မှန်းမသိ
ထောင့်လေးတစ်နေရာမှာ ကျုံကျုံလေးထိုင်နေကာ
လက်နှစ်ဖက်ကလဲ နားများကိုပိတ်ထားသည်
မျက်ရည်တွေ လဲအသွင်သွင်စီးကျလျက်"ဟင့် ကြောက်တာမို့ မြန်မြန်ပြန်လာပါတော့"
ရင်ဘတ်ကို လက်သီးနဲ့ထုကာ
ငယ်သံပါအောင် အော်ငိုပြန်သောသူကျွီ.....(တံခါးဖွင့်သံ)
"jimin"
ခေါ်သံလေး နူးညံ့မနေပေမယ့် နွေးထွေးစေသည်
အမြင်တွေသည် ကြည်လင်မနေတော့ မှုန်ဝါးနေပီး"ဘာဖြစ်တာလဲ"
ကြမ်းပြင်ပေါ်ခွေကျသွားတာမို့
သူလန့်သွားတာတော့အမှန်ဘဲ့စိတ်ကို သူပြန်လာမှလျှော့ချလိုက်သည်မို့
ကြမ်းပြင်ပေါ်သို့ ခွေကျသွားခဲ့သည် သတိမမေ့ခင်
ကြားလိုက်ရသည့်စကားက "ဘာမှမဖြစ်စေရဘူး" တဲ့*ခဗျာဆီက ဆက်ပီးနှိပ်စက်ခံအုန်းမှာပါ စိတ်ချ ကျွန်တော်
ဘာမှမဖြစ်ပါဘူး အားတင်းထားစဲပါ ခဗျာရဲ့အလိမ်အညာ အတုအယောင် တွေ ကျွန်တော်မယုံတော့ဘူး။*ထိုကောင်လေး လောကကြီးနဲ့ခေတ္တာခဏ
အဆက်အသွယ်ပြတ်သွားခဲ့ပြန်သည် ။ပြာယာခက်နေတဲ့ ကောင်လေးတစ်ယောက်လဲရှိသတဲ့။
သူပြာယာခက်နေတာ ဘယ်သူမှမမြင်နိုင်ပါ ။
မျက်နှာကသာ အေးစက်နေပီး ပူပင်စိတ်မရှိတဲ့ပုံစံဒါပေမယ့်
ရင်ထဲမှာတော့ ပူလောင်နေတာ သူသာ အသိဆုံး