#Unicode
.......
ဆန့်ကျင်ဘက် ဖြစ်သောလမ်းကနေ
အရှိန်ပြင်းစွာမောင်းလာသော ကားအနက်တစ်စီးသည်
Jeon တို့ဆီ တန်းတန်းမတ်မတ်လျှပ်တပြက် အခြေအနေကို ရှောင်ခွင်လို့လဲမရတော့
"ကလေး...!!"
ကားကို ရပ်လိုက်ကာ
အထိတ်အလန့် မဟုတ်ခဲ့
လေသံပြေပြေလေးနဲ့ ခေါ်လိုက်ပြီး
Jeon ပိုင်ဆိုင်မှုလေးကိုရင်ခွင်ထဲထည့်ကာ
အုပ်မိုးလိုက်သည်...ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ ပိုင်ဆိုင်မှုလေးသည်
အေးအေးချမ်းချမ်းလေး...တောင်းပန်ပါတယ်*ကိုယ်မရှိရင် မင်းတစ်ယောက်ထဲ ဖြစ်ပါ့မလား*
စိတ်ထဲကနေ ရေရွတ်လိုက်သော စကားသည်
သူ့အတွက် မဟုတ်ခဲ့
သူ့ဘဝ သူ့အသက် သူ့ရဲ့ဖြစ်တည်မှုအားလုံးကို
ထိုကောင်လေးဆီ အစကတည်းက ပုံအပ်ထားပြီးသားမို့Jeon မျက်လုံးကို အသာအယာမှိတ်လိုက်သည်
ထို့နောက်
ဝုန်းးးးးဒုန်းးးးခလွမ်းးးး
ကျယ်လောင်သော အသံတွေသည် နားစည်ကွဲမတတ်
အလိုက်တသိ Jeon ရဲ့လက်တွေသည်
ပိုင်ဆိုင်မှုလေးရဲ့ နားတွေကို အုပ်ထားပြီးသားJeon ရဲ့
ဘယ်ဘက်မျက်ဝန်းက စီးကျလာသော မျက်ရည်သည်
စိုးရိပ်ထိတ်လန့်ခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်ပေလိမ့်မည်"ဟင့် "
ရှိုက်သံလေးတစ်ခုကို ပီပီသသ ရှင်းရှင်းလင်းလင်း
ကြားနေရပေမယ့် Jeon ဝေခွဲရခက်စွာခပ်ကြမ်းကြမ်းမှိတ်ထားသော မျက်ဝန်းတွေသည်
ဖွင့်ကြည့်ဖို့ ဝန်လေးနေခဲ့မိတာတော့အမှန်အထိအတွေ့တွေကိုလဲ ခံစား၍မရတာကြောင့်
Jeon ပိုပြီး ထိတ်လန့်နေခဲ့သည်...ကြောက်စိတ်တွေသည်...အရာရာကို ထိန်းချုပ်နိုင်သည်
ထိခိုက်သွားမှာကိုလဲ ခွင့်မပြုနိုင်
ဝေးကွာခြင်းကိုလဲ လက်သင့်မခံနိုင်..တွေဝေခြင်းတွေ...
ရဲ့နောက်ကွယ်တွင်
နောင်တတရတို့
အစုလိုက်အပြုံလိုက်ပါလာတော့မှာ