#Unicode
"မင်းတို့က အလုပ်ကိုသေချာမလုပ်တတ်ဘူးလား ဟမ်"
မျက်လုံးများနီရဲနေပီး Jeon ရဲ့အော်သံကလဲ တုန်လှုပ်စရာအတိ
"Jeon ceo ကျွန်တော်တို့တောင်းပန်ပါတယ်
နောက်တစ်ခါ မဖြစ်စေ""ဟက် နောက်တစ်ခါတောင်ဖြစ်ချင်နေသေးတာလား
မင်းတို့ကြောင့်ပျောက်သွားတဲ့ စိန်က ဘယ်လောက်တန်လဲ
သိလား မင်းတို့ ဒီဘဝမပြောနဲ့ နောက်ဘဝတောင် စားလို့မကုန်ဘူး
တောက်စ်"စိန်တွေပျောက်သွားတာ နှာမြောလို့မဟုတ်
ခိုင်းတာကို ခိုင်းတဲ့အတိုင်းမလုပ်လို့ သေအောင်သတ်ပစ်ချင်နေတာခွပ် ခွပ် ခွပ်
Jeon ထိုးချလိုက်တဲ့ လူသုံးယောက်သည် ကြမ်းပြင်ပေါ်တွင်
အလဲလဲအပြိုပြို ဘယ်နှစ်ချက်မှန်းမသိတဲ့ ထိုးချက်ကြောင့်
ချက်ချင်းပြန်မထနိုင်ခဲ့"Jeon ceo"
အတွင်းရေးမှူးက ပြာပြာတလဲ ပြေးလာကာ
"ဘာကိစ္စလဲ "
"ဟို Jeon ceo "လူက ဒေါသထွက်နေပါတယ်ဆိုမှ တဟိုဟိုလုပ်နေတဲ့အတွင်းရေးမှူးကို
ပိတ်ဟောက်ပစ်လိုက်သည်"မြန်မြန်ပြော ငါ့ဒေါသတွေမင်းဆီရောက်သွားမယ်"
"အကိုလေးရောက်နေပါတယ်"
Jeon လန့်သွားသည်မှာအမှန်ပင် ခုလိုပုံစံနဲ့ဆိုပိုဆိုးတာပေါ့
တစ်ခြားသူတွေကို အသားနာအောင်လုပ်ရင် သူမကြိုက်
တကယ်ပါ ဒီမြင်ကွင်းကြီးကို ပေးမတွေ့စေချင်ဘူး"ဘာ!! လိုက်လာပြန်တာလား ခုနကဘဲ့ ဆိုင်ကိုပို့ခဲ့တာလေ
ဒီအသေးလေးကတော့ "နောက်ဆုံးစကားတွင်တိုးဝင်သွားသော Jeon ရဲ့အသံကို
ဒဏ်ရာတွေ သွေးတွေနဲ့ ပစ်စလက်ခက် ကြမ်းပြင်ပေါ်သို့
လှဲကျနေတဲ့ လူသုံးယောက်တောင် ကြားသည် ။သူ့ဟာလေးဆို အဖြစ်သည်းချက် ဒေါသသံနဲ့
တောင်မပြောဘူး...."အဲ့ကောင်သုံးကောင်ကို ဒီအခန်းထဲကနေ ခေါ်ထုတ်သွား
ငါအပစ်ပေးလို့ ဝမှ မင်းတို့ကို လွှတ်ပေးမယ် ""ကျွန်တော်တို့ကိုလွှတ်ပေးပါ ဘာမှမလုပ်ပါနဲ့
ကျွန်တော့်တို့မှာ ကျွန်တော်တို့ကိုအားကိုးနေတဲ့
မိသားစုတွေ ရှိသေးလို့ပါ ကျွန်တော်တို့ကိုမသတ်ပါနဲ့"