#Unicode
အိမ်မက်ဆိုးသည် ခြောက်လန့်စဲ
အဲ့အိမ်မက်ဆိုးတွေခြောက်လန့်နေခဲ့တာ ရက်စေ့
အခြောက်ခံရတဲ့သူလေးကတော့ တုန်လှုပ်စဲ
အဟောင်းမဖြစ်သွားဘဲ့ နေ့တိုင်းအသစ်လိုလိုဖြစ်နေခဲ့တာ"ဟင့်"
အိမ်မက်ဆိုးမက်တိုင်းငိုနေကြမို့
ရှိုက်သံလေးထွက်လာတာနဲ့
လက်ကလေးကိုဆုပ်ကိုင်လိုက်သောသူ"ကို ရှိတယ်နော်"
ပြောနေကြစကားလေး
ဘယ်လောက်ဘဲ့စိတ်ဆိုးဆိုး
သူရင်ခွင်ထဲဘဲ့ အတင်းတိုးဝင်မိပြန်တယ်
နွေးထွေးဆုံးဘဲ့ဟောဒီ ရင်ခွင်ကျယ်ကြီးက"ဟင့် "
"မင် ရေသောက်လိုက်အုန်း"အခု ဂရုစိုက်နေပြန်ပီး ခုနက
သူမဟုတ်တဲ့အခြားတစ်ယောက်လား"ဗိုက်ဆာနေပီးလား ကို ဒီမှာ
ဆန်ပြုတ်အအေးခံထားတယ် စားလိုက်နော်"ခေါင်းကိုသာ ခါးယမ်းမိသည်
စကားမပြောချင်ဘူး ပြောချင်တဲ့စကားတွေ အများကြီး
အော်ဟစ်ပီးတော့ကိုပြောချင်တာ ဒါပေမယ့် ထွက်မလာဘူး
သူစိတ်မကောင်းဖြစ်သွားမှာလဲ ကြောက်တယ် ။"နည်းနည်းလေးဘဲ့ သောက်လိုက် မင်နော်
ဆေးသောက်ရမယ်လေ လိမ္မာပါတယ် "ဘာမှပြန်မပြောဘဲ့
ဆန်ပြုတ်ပန်းကန်ကို လှမ်းယူဖို့လုပ်တော့"ကို ခွန့်ပေးမယ် ခုနကဘဲ့ အပ်ဖြုတ်ထားတာ မင်နာနေလိမ့်မယ်"
"......."မပူတော့တဲ့ ဆန်ပြုတ်ကို
ထပ်မှုတ်နေသေးသော Jeonသူမချစ်တော့မှာ သူကျွန်တော်ကိုမုန်းသွားမှာ
ကျွန်တော်သေရမှာထက်ကို ပိုကြောက်တယ်
သိပ်ချစ်တယ် ။
အရမ်းချစ်ပြဖို့လုပ်တိုင်း တစ်ခုမဟုတ်တစ်ခု အမြဲဖြစ်တယ်
ဒီတစ်ခေါက် မင် တော်တော်လေးကိုစိတ်ထိခိုက်သွားပုံရတယ် ။
စကားလဲပြန်မပြောသလို အကြည့်ချင်းလဲမဆုံဘူး ။
ခေါင်းကိုသာ ငုံ့ထားမြဲ ။"မျက်နှာလေးမော့ပါအုန်း ကို ကြည့်ပါရစေ
ဘာစားချင်လဲ ကိုယ့်ကိုပြော ကိုသွားဝယ်ပေးမယ်
မင် ဆန်ပြုတ်မစားချင်ဘူးမလား"