#Unicode
ချစ်မှ ပိုင်ဆိုင်ခွင့်ရှိတာမဟုတ်ဘူး
မချစ် လဲပိုင်ဆိုင်ခွင့်ရှိတယ်
မုန်းနေရင်တောင် မင်းကငါ့အပိုင်ဖြစ်လာစေရမယ်
ဒါကို အတ္တလို့ငါမထင်ဘူး ။မင်းကိုဘဲ့ ငါပိုင်ဆိုင်ချင်တယ်လိုချင်တယ်
ကျန်တာတွေငါ့ခေါင်းထဲမှာမရှိဘူး
မင်းကိုပိုင်ဆိုင်ရဖို့အတွက် ငါ့စည်းစိမ်းတွေ
ဘယ်လောက်ကုန်ကုန်
အကုန်လုံးနဲ့ ဝယ်ပစ်မယ် ။မင်းကိုဘယ်သူလက်ထဲမှငါမထည့်နိုင်ဘူး
မင်းရဲ့ဖြစ်တည်မှု အသေးအမွှားလေးကအစ
ငါ့အပိုင်ဖြစ်လာစေရမယ်
ဒါပေမယ့်
မင်းကိုငါမချစ်ဘူး..................._________________________________________
သူဌေး များစွာစုဝေးနေသော လောင်းကစားရုံ
အပျော်မယ်တွေများပြားလှသည် ပေါင်တိုစကပ်တွေနဲ့
အပေါ်ပိုင်းကိုလဲမပေါ်ရုံတမယ်ဝတ်ထားပီးသူဌေးတွေဆီမှာ
ကပ်ချွဲနေကြသည်
ကစားနေကြတဲ့သူတွေ သောက်စားမူးရူးနေတဲ့သူ
မိန်းမတွေနဲ့အပျော်အပါး
လုပ်နေတဲ့သူစိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နေတဲ့
သူတွေရောရှိပေမယ့် မပျော်နိုင်တာဆိုလို့
park ceoတစ်ယောက်ဘဲ့ရှိသည်ချွေးများပြန်လာပီး ဖဲကိုကြည့်လိုက် အရက်လေးသောက်လိုက်
park ceoတစ်ယောက်ထဲအလုပ်ရှုပ်နေတော့သည် ။
အဲ့ကစားဝိုင်းထဲမှာ အနိုင်ပိုင်းနေတာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလောကမှာပြိုင်စံရှား Jeon ceoဘဲ့ဖြစ်သည်..."ဘယ်လိုလဲ park ceo တော်ပီးလား"
"Jeon ceo ပိုက်ဆံ သိန်းတစ်ရာလောက်ထပ်ချီးပါအုန်း
ထပ်ကစားချင်သေးလို့"
"ခဗျာ များနေပီးနော် ဒီတစ်ရာပါဆိုရင် သိန်း"..."သောင်းဖြစ်နေပီး
ဆပ်ရောဆပ်နိုင်ပါ့မလား"
"ဆပ်ပါ့မယ်ဗျာ Jeon ceoကလဲ "
"ပီးရောလေ ဒီမှာသိန်းတစ်ရာ"park ceoလဲ ပိုက်ဆံချီးပီးဆက်ကစားတယ်
ဒါပေမယ့် သူပွဲတိုင်းရှုံးတယ် ရှုံးတိုင်းjkဆီမှာ ပိုက်ဆံချီးပီးစိတ်ကြိုက်ဆော့နေတော့သည် သူပိုက်ဆံဘယ်လောက်ချီးခဲ့လဲဆိုတာ
မှတ်မနိုင်တော့တဲ့အထိ.....
သူရှုံးတိုင်း နှာခမ်းတစ်စုံကွေးတက်သွားသည်အထိ
ပြုံးနေတဲ့သူကိုတော့ ဘယ်သူမှမတွေ့ အကျပ်ကိုင်ဖို့
အခွင့်အရေးဆိုတာနှစ်ခါမရဘူး ။