Unicode...
နေ့လည်ထမင်းစားကျောင်းဆင်းသည်နှင့် ဝမ်ရိပေါ် တစ်ယောက် မူလတန်းကျောင်းဆောင်မှ အလယ်တန်းကျောင်းဆောင်သို့ လုံးနေအောင် ပြေးတော့သည်....။ သို့ပေမယ့် အလယ်တန်းကျောင်းဆောင်အောက်သို့ ရောက်သည်နှင့် ကိုယ်ရှိန်သတ်ကာ ရပ်လိုက်သည်...။ ထို့နောက် ခေါင်းလေးစောင်းကာ ခဏမျှ စဥ်းစားလိုက်သေးသည်...။ အချိန်အနည်းငယ်ကြာပြီးနောက် အလယ်တန်းကျောင်းဆောင်ပေါ် တက်မည့်အစား အလယ်တန်းကျောင်းဆောင်နှင့် မျက်နှာချင်းဆိုင် အထက်တန်းကျောင်းဆောင်ပေါ်သို့ ပြေးတက်သွားသည်...။ ထို့နောက် ကော်ရစ်တာမှာ ဒူးလေးထောက်ကာ လက်ရန်းကြားမှ နေ၍ မျက်နှာချင်းဆိုင် အဆောင်မှ ရှောင်းကျန့်အခန်းအား ကြည့်နေပြန်သည်...။ ရှောင်းကျန့်အား တွေ့သည်နှင့် မျက်မှောင်ကြုံ့သွားကာ စူပုတ်ပုတ် ဖြစ်သွားသည်...။ အကြောင်းမူကား ရှောင်းကျန့်တစ်ယောက် အတန်းဖော် သူငယ်ချင်းတစ်ယောက်နှင့် နေ့လည်စာ အတူစားနေသောကြောင့်ပင်....။
အထက်တန်းကျောင်းခန်းထဲမှ စီနီယာ မမများမှာ ရိပေါ်အား ကြည့်ရင်း အသဲတယားယားဖြစ်နေတော့သည်...။
စီနီယာ မမ ၁
"ကြည့်ပါဦးဟယ်...ကလေးလေးက ချစ်စရာလေး...."
စီနီယာ မမ ၂
"ဟုတ်ပါ့ ပါးလေးက ဖောင်းဖောင်းလေး
နှာခေါင်းလုံးလုံးလေးနဲ့..."စီနီယာ မမ ၃
"ငါကတော့ သူ့လက်မောင်းလေးတွေ ခြေသလုံးလေးတွေကို အူယားတာပါဘဲ....ကြည့်ပါဦး လုံးလုံးတုတ်တုတ်ကလေး..."
စီနီယာ မမ ၁
''ဟုတ်ပါ့ ဟုတ်ပါ့...ဟဲ့ဟဲ့ ကြည့်ပါဦး လက်ကလေးက ကိုက်နေသေးတယ်ဟဲ့...."
စီနီယာ မမ များ၏ ဂယက်တစ်သိန်းကို အတိုင်းသားကြားနေရတော့ ရိပေါ်မှာ စိတ်ရှုပ်လာသည်ထင်....စီနီယာ မမ များအား မျက်မှောင်ကြုံ့၍ တစ်ချက် လှမ်းကြည့်လိုက်သည်...။ ထို့နောက် ပါးစပ်ထဲ ထည့်ကာ ကိုက်နေသော လက်မလေးကို ထုတ်၍ လက်နှစ်ဖက်အချင်းချင်းရိုက်ကာ ခါလိုက်သည်...။ ဒူးထောက်ပြီး ထိုင်နေရာမှ ဆောင့်ကြောင့် ပြောင်းထိုင်ကာ ရှောင်းကျန့်ကိုဘဲ ငေးကြည့်နေပြန်သည်...။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...