Extra 4 (END)

1.1K 52 0
                                    

Unicode....

''သားသား ထမင်းစားချိန်ရောက်ပြီ....''

စကားဝိုင်းတွင် တိတ်ဆိတ်နေသော ရိပေါ်က လက်မှနာရီကို တစ်ချက်ကြည့်ကာ ထပြောလာသည်....။

ရိပေါ်၏ အသံကိုကြားသည်နှင့် ဖုန့်ဟွမ်လေးက နေရာမှကုန်းထကာ ထမင်းစားခန်းဘက်သို့
တတောက်တောက်နှင့် လျှောက်သွားလေတော့သည်....။
ရိပေါ်က အနောက်မှ လိုက်သွားသည်....။

''ထမင်းတစ်ခါတည်းစားသွားပါလား...''

ရှောင်းကျန့်က ကျန်နေခဲ့သော joy နှင့် devil ကို ခေါ်လိုက်သည်....။

''နေပါစေ...မစားတော့ဘူး...''

joy က ငြင်းလိုက်သည်....။

Joy ၏ ငြင်းသံကို ကြားသည်နှင့် ဖုန့်ဟွမ်လေးက သွားနေရာမှ ပြန်လှည့်ကာ Joy အနီးသို့
တတောက်တောက်နှင့် ပြန်လျှောက်လာခဲ့သည်...။ ထို့နောက် Joy ၏ လက်မောင်းကို သူ့လက်သေးသေးလေးဖြင့် ဆွဲခေါ်လေတော့သည်...။

''ဂျိုင်း....လာလာ...''

သူ၏ မပီကလာပီကလာ အသံလေးဖြင့်လဲ ခေါ်လိုက်သေးသည်....။
နောက်ဆုံးတွင်တော့ တစ်အုပ်စုလုံး ထမင်းစားခန်းသို့ ချီတက်ခဲ့ရလေတော့သည်....။
ရှေ့ဆုံးမှ ဦးဆောင်သူကတော့ ဆရာသမားကြီး ဖုန့်ဖုန့်ပေါ့....။

ထမင်းစားစားပွဲသို့ရောက်သည်တွင် ရိပေါ်က
ဖုန့်ဟွမ်လေးကို ကောက်ပွေ့ပြီး သူ့အတွက်နေရာလေးတွေ ထိုင်စေသည်....။
ထို့နောက် ဖုန့်ဟွမ်လေးအတွက် စားဖို့ပြင်ပေးသည်....။
ရှောင်းကျန့်ကမူ ရိပေါ်အတွက် ထမင်းခူး ပေးသည်....။
ရှောင်းကျန့်က တဆက်တည်း Joy နှင့် devil အတွက် ခူးပေးမည်ပြုသည်တွင် ရိပေါ်က တားလိုက်ရုံမက

''ငါတို့အိမ်က ကိုယ်ထူကိုယ်ထ စနစ်....'' ဟု
devil တို့ဘက် လှည့်ကာ ပြောလိုက်သေးသည်....။

''လူကြီး ထိုင်နေ ကျွန်တော်ခူးပေးမယ်....''

devil က ရိပေါ်ကို ဂြိုလ်ကြည့်ကြည့်လိုက်ကာ Joy အား နေရာတွင်သာ ထိုင်နေစေပြီး ထမင်းထခူးလေသည်.....။
ကိုယ်တွေကိုကျတော့ ကိုယ်ထူကိုယ်ထ စနစ်တဲ့...။ သူကျတော့ ကျန့်ကောခူးပေးတာ စားပြီးတော့......။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now