Ep 36

710 41 0
                                    

Unicode....

ဒီနေ့ မမ၏ wedding ပြီးသွားတာ ၄ လပြည့်တဲ့နေ့လေး....။
မမက သူတို့အားလုံးကို သူမ၏ အိမ်သို့လာဖို့ဖိတ်ထားသည်....။
သူ့စိတ်ထဲတွင် တစ်ခုခုအရေးကြီးတာ ပြောချင်၍ ခေါ်သည်ဟု ထင်နေသည်....။
အရေးမကြီးဘဲနဲ့ တကူးတက Anniversary နေ့မျိုးကို သူတို့အား ဖိတ်မည်မဟုတ်.....။

လက်မှ နာရီကို ကြည့်လိုက်တော့ ညနေ 4 နာရီ ထိုးနေပြီ.....။
ပွဲက 7 နာရီဖြစ်သည်...။

ကိုကို့ကို 4 နာရီခွဲမှာ ဝင်ခေါ်မည်ဟု ပြောထားသဖြင့် ယခုကတည်းက ထွက်မှ တော်ကာကျမည်....။
အပြင်မှ အတွင်းရေးမှူးကို ခေါ်ကာ မှာစရာရှိတာ မှာရသေးသည်....။
ပြီးတာနဲ့ သွက်လပ်စွာသော ​ခြေလှမ်းများဖြင့် ကိုကို့ရှိရာသို့ ချီတက်ခဲ့တော့သည်....။

ယခု ကိုကိုရှိနေသော ပြခန်းက ကိုကို အသစ်တိုးချဲ့ထားသော နေရာဖြစ်သည်....။
ကိုကို တိုးချဲ့ထားတာဘဲ တစ်လလောက်ရှိပြီ...။
သူတစ်ခါမျှ မရောက်ဖြစ်သေး....။
ယခုတော့ ခြေချရတော့မည်....။

......

ရှောင်းကျန့်တစ်ယောက် လက်မှ နာရီကို ကြည့်လိုက် အပြင်ဘက်ကို လှမ်းမျှော်လိုက်နှင့် ဖြစ်နေသည်...။
Wang က ရောက်သင့်နေပြီကို ဘာလို့ကြာနေမှန်းမသိ...။

ဒီကြားထဲ အတွင်းရေးမှူးက အနားတွင် မရှိ...။
အလုပ်ကိစ္စခိုင်းထားသဖြင့် အပြင်ရောက်နေသည်....။
သူရှိပါက ရှောင်းကျန့် ယခုဘဲ Wang ရှိရာသို့ လိုက်သွားမိမှာ အမှန်ပင်...။

ရှောင်းကျန့်၏ အမူအရာကို အကဲခတ်ကြည့်နေသော ဘေးမှ ဝန်ထမ်းက ရှောင်းကျန့်အနားသို့လာကာ မေးတော့သည်....။

''Boss တစ်ယောက်ယောက်ကို စောင့်နေတာလား??? ဒါမှ မဟုတ် သွားစရာရှိလို့လား???''

''နှစ်ခုလုံးဆိုပါတော့...''

''သွားစရာရှိရင် သွားလိုက်ပါလား ဒီမှာ ကျွန်တော်တို့ ကြည့်လုပ်လို့ရပါတယ်...''

''ရတယ်...မလိုပါဘူး...''

အဲ့လိုကျပြန်တော့ ရှောင်းကျန့် စိတ်မချပေ....။
အလုပ်နှင့် ပတ်သတ်လျှင် ရှောင်းကျန့်က
စည်းစနစ်ကြီးသည်....။
နည်းနည်းလေးမျှ အလွဲမခံနိုင်ပေ...။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now