Ep 19

963 49 0
                                    

Unicode....

''ဟိုမှာ...ဟိုမှာ!!! ''

နည်းပြ၏ အော်သံကြောင့် devil ဖုန်းပြောနေရာမှ အလျင်အမြန်လှည့်ကြည့်လိုက်တော့ ရိပေါ်တစ်ယောက် ဆိုင်ကယ်လဲသွားခြင်းဖြစ်သည်.....။

ထို့ကြောင့် devil တို့အုပ်စု ထိုအနားသို့အမြန်ပြေးသွားရတော့သည်....။ ထိုနေရာသို့ ရောက်သွားတော့ ရိပေါ်က ထိုင်ကာ ပြုံးနေသည်...။ စိတ်ပူလွန်းနေသည့် devil မှာ ရိပေါ်ကို ကြည့်ပြီး ဒေါသငယ်ထိပ်ရောက်လာရသည်....။

''ဟေ့ကောင်....မင်းရူးနေလားကွ.....ဒီလောက် ဖြစ်တာကို ထိုင်ရီနေနိုင်သေးတယ်....''

''ကိုကိုသာဆို ငါ ဆိုင်ကယ် စထွက်ကတည်းက အော်နေမယ်ထင်တယ်နော်....''

ရိပေါ်က devil ပြောနေသည်ကို နည်းနည်းမျှ ဂရုမစိုက်ဘဲ အဝေးတစ်နေရာသို့သာ ကြည့်ရင်း ရေရွတ်နေသည်....။

''ငါ စကိတ်စသင်တုန်းကဆို နည်းနည်းလေး ဟန်ချက်ပျက်တာနဲ့ အော်တာကွ...အသံကို ဟိန်းနေရော....တစ်ကွင်းလုံး တိတ်ကနဲဘဲ....အခုလို လဲတာသာ မြင်ရင် ဘယ်လောက်တောင် အော်လိုက်မလဲ....''

ပြုံးရင်း ပြောနေ​ပေမယ့် ရိပေါ်၏ မျက်ဝန်းအိမ်တွင်တော့ မျက်ရည်စများနှင့်....။

''ရိပေါ်...ငါ...ငါ....''

စကားတွေအထစ်ထစ်ဖြစ်နေသာ devil ကို ရိပေါ်က လက်ကာပြကာ တားလိုက်သည်....။ ထို့နောက် ထိုင်နေရာမှ ထလိုက်သည်....။

''ရပါတယ်ကွာ....ဘာမှမဖြစ်ပါဘူး...ငါလဲ ခုနက ကိုကို့ကို သတိရသွားလို့ပါ....ဆက်လေ့ကျင့်မယ်...နည်းပြ...ကျွန်တော် ဆက်လုပ်လို့ရပါတယ်....အဆင်ပြေတယ်...''

ရိပေါ်က devil ကို ပြောရင်း တစ်လက်စတည်း နည်းပြဘက်သို့ လှည့်ကာ ပြောပြီး ဆိုင်ကယ်ဆီသို့ လျှောက်သွားသည်...။ ထို့နောက်စက်နိုးကာ မောင်းထွက်သွားတော့သည်....။

ကျန်ခဲ့သည့် devil ကဘဲ နည်းပြဘက်ကို လှည့်ကာ အခြေအနေကို ရှင်းပြရတော့သည်....။

''ဟို...သူက....စိတ်အခြေအနေ နည်းနည်းလေး...မကောင်းနေသေးလို့ပါဗျ....အဲ့လိုတစ်ချက်တစ်ချ ထထဖောက်တာကလွဲရင် ကျန်တာအားလုံးအဆင်ပြေပါတယ်ဗျ....''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now