Unicode....
ဘေးဘက်ဆီမှ လှစ်ဟာမှုကြောင့် ရိပေါ်နိုးလာခဲ့သည်...။ နိုးနိုးချင်း ရှောင်းကျန့်ကို မတွေ့ရသည့်အတွက် ပူထူသွားရသည်...။
အိပ်ယာကို လက်နှင့်စမ်းကြည့်သည်တွင် အနွေးဓာတ် မရှိနေတော့...အေးစက်နေချေပြီ...။
ဤသည်မှာ ကိုကို ထသွားတာ ကြာပြီဖြစ်ကြောင်း ပြသနေသည်...။
ကိုကိုကဗျာ အိပ်မပျော်ရင်လဲ သူ့ကို နိုးတာ မဟုတ်ဘူး....။ တစ်ယောက်ထဲ ဘယ်တွေသွားနေတာပါလိမ့်....။ဤသို့ဖြင့် ရိပေါ်မှာ ရှောင်းကျန့် ရှာပုံတော် ဖွင့်ရတော့သည်...။ တစ်အိမ်လုံး နှံအောင် ရှာပြီးသည့်တိုင်အောင် ရှောင်းကျန့်အား မတွေ့သေး...။ နောက်ဆုံးတွင်မှ ကိုကို ပန်းချီခန်းရှိရာ အိမ်ငယ်လေးဆီ သွားခဲ့တာ ဖြစ်မည်ဟု မှန်းဆလိုက်မိသည်....။ ထို့ကြောင့် သူ့မှာ ထိုအိမ်ငယ်လေးဆီသို့ သုတ်ခြေတင် ပြေးရပြန်တော့သည်...။
သူမှန်းဆမိသည့်အတိုင်းပင် အိမ်ငယ်လေးမှာ မီးလင်းနေသည်....။ ထိုအခါမှ သက်ပြင်းချမိတော့သည်.....။ တံခါးကို ကြည့်လိုက်တော့ သော့မခတ်ထား...။ အထဲသို့ ချက်ချင်းမဝင်သွားသေးဘဲ တံခါးကိုသာ အသာဟကာ အထဲသို့ လှမ်းခိုးကြည့်လိုက်သည်...။ ကိုကို့ကို အနှောက်အယှက်ပေးမိမှာစိုး၍ ဖြစ်သည်...။
ကိုကိုက ပန်းချီဆွဲရာတွင် စျာန်ဝင်နေပုံရသည်...။ တစ်ခုထူးခြားသည်မှာ ကိုကိုက ပန်းချီဆွဲရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေခြင်းပင်...။
မည်သည့်ပန်းချီကများ ကိုကို့ကို ဤသို့ ပြုံးနိုင်စေသနည်း....။ စိတ်ဝင်စားလွန်း၍ သိချင်ပေမယ့် သူ ဝင်မကြည့်ဖြစ်ခဲ့....။
အိမ်ထဲသို့သာ လှည့်ပြန်လာခဲ့သည်...။
အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပေမယ့် သူမည်သို့မျှ အိပ်မပျော်နိုင်တော့....။သူကသာ အိပ်မပျော်၍ အိပ်ယာပေါ်တွင် လူးလိမ့်နေတာ...။ ဘေးမှ အိပ်ယာသေးသေးလေးကို ကြည့်လိုက်တော့ ကိုကို့သမီးကတော့ အိပ်တာမှ သိုးလို့.....။ ကိုကိုက သူ့သမီးအတွက် အခန်းထဲတွင်ပင် အိပ်ယာသေးသေးလေး ပြင်ထားပေးသည်...။ သူက တခြားအခန်းမှာ ပြင်ပေးမည်ဆိုတာကို မရ...။ သူ့သမီးကို သူ့အခန်းထဲမှာဘဲ သိပ်မည်တဲ့...။ ဒါတောင် ကိုကိုက အတူတူအိပ်ဖို့ပြင်နေတာ....။ သူ့မှာ မရမကျ ဂျီကျထားရသည်....။ ထိုအခါမှ သူ့အိပ်ယာနှင့်သူ ထားဖို့ သဘောတူသည်....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Hayran Kurguအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...