Unicode....
ရာသီတွေအလီအလီပြောင်းကာ အချိန်တွေကုန်ဆုံးခဲ့သည်မှာ ယခုဆိုလျှင် Wang တောင် 20 တင်းတင်း ပြည့်ခဲ့ပြီ.....။
သူရော ဘာထူးလဲ???
26 နှစ် ပြည့်ခဲ့ပြီ....။ယခုအချိန်တွင် နှစ်ဦးလုံး ကိုယ်ရည်မှန်းထားသည့် ရည်မှန်းချက်များ ပြည့်ဝနေပြီဟု ပြောလို့ရသည်....။
Wang က company ကို တစ်ဦးတည်း ဦးစီးနေပြီ....။
အကြောင်းမူကား devil ကလဲ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေပြီ ဖြစ်သလို
ဖုန့်ဟွားကလဲ သူမ သူတို့သားလောင်း၏ company တွင် ဝင်ဦးစီးနေပြီ ဖြစ်သောကြောင့်ပင်....။
Wang က အသက်အငယ်ဆုံး အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပြီ...။သူလား....။
သူကတော့ art design comapny တစ်ခုကို ဦးစီးနေသလို တစ်ဖက်မှာလဲ ပန်းချီပြခန်းလေးတစ်ခုကိုလဲ ဦးစီးနေတယ်လေ....။
ပန်းချီပြခန်းကို ဦးစီးနေတယ်ဆိုပေမယ့် ပြခန်းမှာ သူ့ရဲ့ ပန်းချီတွေတော့ မရှိပါဘူး....။
သူက Wang တစ်ယောက်ထဲ အတွက်ဘဲ ပန်းချီဆွဲပေးချင်တာလေ....။သူတို့နှစ်ယောက်ရဲ့ relationship ကို ပြောရရင် အဆင်ပြေနေပါတယ်ပေါ့...။
အမှန်အတိုင်းပြောရရင် အဆင်ပြေတာထက်တောင် ပိုသေးတယ်....။
သူတို့ရဲ့ relationship ကို တမင်တကာကြီး ဖုံးကွယ်ထားခြင်း မရှိသလို ပေါ်တင်ကြီးချပြနေတာမျိုးလဲ မရှိပေ....။
မေးလာလျှင်တော့ အမှန်အတိုင်း ဖြေတတ်ကြပေမယ့် သူများတွေသိအောင် တမင်နေပြတာမျိုးတော့ မရှိပေ...။
လူတွေကြားထဲမှာတော့ တတ်နိုင်သလောက် အနေအထိုင်ဆင်ခြင်ပါတယ်...။မူလက Wang က ဂျစ်ကန်ကန် နိုင်ပေမယ့် နောက်တော့ သူပြောသည်ကို လက်ခံခဲ့ပါတယ်...။
..........
ယခု ရှောင်းကျန့် ရိပေါ်အိမ်သို့ ရောက်ရှိနေသည်....။
ရှောင်းကျန့်က hot pot စားချင်သည်ဆိုသည်ကို အမောင်ရိပေါ်က အပြင်မှာ သွားမစားဘဲ အိမ်မှာဘဲ ချက်စားရအောင်တဲ့လေ....။ဝမ်မာမား နှင့် ပါပါးကလဲ အိမ်မှာ မရှိပေ...။
မမ ၏ wedding အတွက် ဘွားဘွားဆီသို့ သွားကာ လိုအပ်သည်ကို ပြင်ဆင်နေကြသည်...။
အိမ်တွင် နှစ်ယောက်ထဲ....။
ယခုဆိုလျှင် ရိပေါ်မှာ ကိုယ်တိုင်သာ မချက်နိုင်သေးတာ...။ ရှောင်းကျန့်လုပ်သမျှကို ဘေးမှ ကူညီနိုင်နေပြီ ဖြစ်သည်....။
![](https://img.wattpad.com/cover/296401189-288-k764991.jpg)
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fiksi Penggemarအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...