Ep 30

844 45 0
                                    

Unicode....


ဒုန်း.....

ရိပေါ်က ဆွဲလာသော luggage ကို devil အနားသို့ရောက်မှ တမင်စောင့်ကာချလိုက်သည်...။
ထိုမျှအသံကျယ်လောင်စွာ ထွက်လာတာကိုတောင် devil တစ်ယောက်ကတော့ တုပ်တုပ်မျှမလုပ်...။ အိပ်ကောင်းဆဲ...။

ထိုအခါ ရိပေါ်မှာ နောက်တစ်ဆင့်တက်ရန်ပြင်ရတော့သည်...။
devil အနားသို့ အသာကပ်သွားကာ devil အုန်းနေသော ခေါင်းအုံးကို ဆတ်ခနဲ ဆွဲယူလိုက်သည်...။

ထိုအထိတိုင်အောင် devil တစ်ယောက် မနိုးသေးပေ...။

နောက်ဆုံး မရှည်ရှည်သော စိတ်ကို ဆွဲဆန့်ပြီး လက်နဲ့ အသာပုတ်ကာ နိုးလိုက်သည်....။

''devil...devil...''

''Devil. !!! "

နောက်ဆုံးလက်ကျန် စိတ်ရှည်မှု ကုန်ဆုံးသွားသည့်နောက်မှတော့ ရိပေါ် အော်ထည့်လိုက်တော့သည်....။

ထိုအခါမှ သကောင့်သားက ကမန်းကတမ်း ထလာသည်.....။
သို့သော် မှတ်ဉာဏ်များက လက်ရှိဘဝသို့ ပြန်မရောက်သေးဘူးထင်ပါရဲ့.....။
အတန်ငယ်ကြာမှ ရိပေါ်အား မော့ကြည့်လာသည်...။

''ရိပေါ်...သြော်...မင်းတို့ရောက်ပြီလား...''

''အေ...''

''ရောက်ရင်လဲ အေးဆေးနေလေကွာ...ဘာလို့ လာနိုးနေတာလဲ??''

devil က ပြောရင်းဆိုရင်း ပြန်လှဲအိပ်သွားသည်...။

''ဟေ့ကောင်..... ထဦး မအိပ်နဲ့ဦး...''

ရိပေါ်က devil အား လက်မှ စောင့်ဆွဲလိုက်သည်...။

''ဘာတုန်း...မင်းက ဘာဖြစ်နေတာလဲ...''

devil က နာကျင်နေသော လက်ကို ဖိကိုင်ကာ
ရိပေါ်အား ဘုတောတောတော့သည်...။

''မင်းနဲ့ အရေးကြီးတာ ပြောစရာရှိတယ်..မင်း အိပ်လို့မရသေးဘူး...''

''ဘာလဲ...ပြောမှာဖြင့် မြန်မြန်ပြော....''

devil မှာ နည်းနည်းမျှ စိတ်မကြည်တော့ပေ...။

''မင်းမှာ အခုရွေးချယ်စရာ နှစ်ခုရှိတယ်....''

ရိပေါ်က အရေးကြီးသော ကိစ္စကို အလေးအနက်ထားကာ ပြောနေသည့်ဟန်ဖြင့် လက်နှစ်ဖက်ကို နောက်ပြစ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်....။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now