Ep 31

787 45 0
                                    

Unicode...

ဤသို့ဖြင့် ပြန်မည့်ရက်သို့ ရောက်ရှိလာပြီ ဖြစ်သည်....။

ရိပေါ် နှင့် ရှောင်းကျန့်ကို devil နှင့် Joy က လေဆိပ်သို့ လိုက်ပို့ကြသည်....။

ရှောင်းကျန့်မှာ Joy နှင့် နှုတ်ဆက်စကားဆိုနေသည်...။ ရိပေါ်လဲ မနှောက်ယှက်ချင်၍ devil နားသို့ လျှောက်လာခဲ့သည်...။

''ကြာဦးမှာလား???''

''အင်း...ကြာဦးမှာ...လူကြီးအနားမှာ အချိန်ပေးချင်သေးလို့...''

''လူကြီး???''

ရိပေါ်မှာ ကြားရသည်ကို မယုံနိုင်ဖြစ်သွား၍ ပြန်မေးမိသွားသည်....။

''အင်းလေ...လူကြီးလေး....''

''ဘယ်လိုတွေဖြစ်သွားတာတုန်း???''

''မင်းပြောသလို ကိုယ့်စိတ်ကိုယ် လက်ခံနိုင်အောင် ကြိုးစားလိုက်တာလေ...''

ရိပေါ်က devil ၏ အဖြေကြောင့် ပြုံးမိသွားသည်...။ ထို့နောက် devil ၏ ပခုံးကို လက်သီးဖြင့် အသာထိုးလိုက်သည်...။

''မင်းအကောင်းဆုံး ကြိုးစားခဲ့တာဘဲ...''

devil က ရိပေါ်အား မည်သည့်စကားမှ ပြန်မဖြေဘဲ ပုခုံးနှစ်ဖက်သာ ပင့်ပြသည်...။

''ဒါပေမယ့် အမြန်ဆုံး ပြန်လာခဲ့...အလုပ်တွေကို ငါ့တစ်ယော​က်ထဲ အကြာကြီး မထိန်းထားနိုင်ဘူး....''

''မပြောတတ်ဘူး...အဲ့တာတော့.... ကြာရင်လဲ ကြာနိုင်တယ်...မကြာရင်လဲ မကြာနိုင်ဘူး....''

''.....''

ဒီလို အတွင်းရေးမှူးမျိုး ဘယ်မှာ ရှိလဲ???
သူအဆင်ပြေအောင်လဲ ဒီမှာ လာနေတဲ့တောက်လျှောက် ကိုကို့အနားတောင် မကပ်နိုင်ဘဲ အလုပ်ပုံထဲ ခေါင်းစိုက်ထားရတယ်....။
ဒီကြားထဲ မမကလဲ သူ့ personal ကိစ္စရှိသည်ဟုဆိုသဖြင့် အလုပ်တွေ အားလုံးက သူ့ခေါင်းပေါ် ရောက်လာသည်....။

ရိပေါ်မျက်နှာကို ကြည့်ကာ devil က ရီတော့သည်...။

''မင်းကို စတာပါကွာ...​အမြန်ဆုံး ပြန်လာမှာပါ...''

''မပြန်လာရင်လဲ ငါက အတွင်းရေးမှူး အသစ်ရှာတော့မှာ....''

''ဟ...ဟ...ရှာချင်ရင် ရှာပါဗျာ...ကြည့်ပါဦးမယ်...မင်းဒဏ်ကို ဘယ်သူခံနိုင်မလဲဆိုတာ...''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now