Ep 13

926 52 0
                                    

Unicode...

'' ကိုကို လမ်းထိပ်က ကစားကွင်း ဝင်ရအောင်''

''ဘာလို့လဲ???''

''ဒီအတိုင်း အိမ်မပြန်ချင်သေးလို့....''

''သဘော...''

ဤသို့ဖြင့် နှစ်ယောက်သား အိမ်ပြန်လမ်းမှ ကစားကွင်းရှိရာသို့ ချီတက်လာခဲ့ကြသည်....။

ကစားကွင်းထဲ ရောက်သည်နှင့် ဒန်းစီသို့ အပြေးလေးသွားသော ကိုကို မှာ အပြစ်ကင်းစင်သော ကလေးတစ်ယောက်နှယ်....။

ရိပေါ်က ရှောင်းကျန့်၏ ဒန်းအနောက်တွင် သွားရပ်ကာ ဒန်းကို လွှဲပေးရန် ပြင်လိုက်သည်....။ ရေခဲချောင်းကို ပါးစပ်တွင် ကိုက်ထားရင်း လက်နှစ်ချောင်းက ဒန်း၏ ကြိုးကို ကိုင်လိုက်သည်...။ တစ်ချက်မှတောင် မလွှဲရသေးဘူး...။ ရှောင်းကျန့်က တားတော့သည်...။

''Wang မလွှဲနဲ့....ကိုကို ဒီအတိုင်းလေး ထိုင်ချင်လို့....''

''ဟုတ်''

ရိပေါ်က ဘေးက ဒန်းတွင် သွားမထိုင်ဘဲ ရှောင်းကျန့်ထိုင်နေသော ဒန်းဘေးက တိုင်တွင် မှီကာ ဒီအတိုင်း ရပ်နေသည်....။

ထို့နောက် နှစ်ယောက်သား ဘာမျှ မဆိုတော့ဘဲ အတွေးကိုယ်စီနှင့် ရေခဲချောင်းစားသည့်သူက စား ရေခဲမုန့်စားသည့်သူက စားနှင့်ပင်....။

သို့သော် ရိပေါ် ရေခဲချောင်းကုန်သည်အထိ ရှောင်းကျန့်ရေခဲမုန့်မှာ မကုန်သေးပေ....။
ကုန်သွား၍ အမှိုက်သွားပစ်ပြီး ပြန်လာသော ရိပေါ်ကို ရှောင်းကျန့်က တအံ့တသြမေးတော့သည်...။

''Wang.... မင်း ကုန်သွားပြီလား???? စားတာမြန်လိုက်တာ....''

''မမြန်ပါဘူး...ကိုကိုက စားတာနှေးတာ....''

''မနှေးပါဘူး...ကိုကိုက ဘူးကြီးဝယ်ခဲ့လို့ပါနော်....''

''ဟုတ်ပါပြီဗျာ....''

''Wang.... ကိုကို မင်းကို တစ်ခုမေးချင်တယ်...''

''ဟုတ်ကဲ့...''

''မင်းဘယ်တုန်းကမှ အစပ်မစားဘဲ ဒီနေ့မှ ဘာလို့ အစပ်စားဖို့ပြောတာလဲ.....''

''ကျွန်တော် ကလေးမဟုတ်တော့ဘူး....အခုဆိုရင် 16 နှစ် ပြည့်ပြီ...ပြီးတော့ ကိုကို့အကြိုက်မှန်သမျှကို ကျွန်တော် ကြိုးစားကြည့်ချင်တယ်...''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now