Unicode...
အခန်းထဲမှ ထွက်လာသည်နှင့် ရှောင်းကျန့် ရိပေါ်ကိုပင် မစောင့်ဘဲ devil ကိုရှာကာ ကွင်းထဲသို့ ထွက်လာခဲ့သည်....။
တစ်ခါမှ ဒီလိုပြိုင်ပွဲမျိုးကို မကြည့်ဖူးသည့်အတွက် ရှောင်းကျန့် စိတ်လှုပ်ရှားနေသည်...။ ဘယ်လိုကြည့်ရမည်ဆိုတာကိုလဲ မသိဘဲ ဖြစ်နေသည်....။ တော်သေးသည်က ဘေးတွင် devil ရှိနေ၍သာ....။
''ကျန့်ကော....အဆင်ပြေလား???''
''အင်း....''
''ဟိုးမှာ..... ရိပေါ် လက်လှမ်းပြနေတယ်....''
ရှောင်းကျန့် devil လက်ညိုးညွှန်ရာ ကြည့်လိုက်သည်....။
ပြိုင်ကွင်းထဲတွင် Wang က လက်ပြနေသည်...။
ဓာတ်ပုံထဲမှာသာ မြင်ဖူးခဲ့သော Wang ရဲ့ ဒီလိုပုံစံလေးကို တကယ်အပြင်မှာ လက်တွေ့မြင်ရသည့်အခါ ရှောင်းကျန့် ရင်ခုန်သံတွေ မြန်ဆန်လာသည်....။Wang အတွက် စိတ်ပူတာရော...စိတ်လှုပ်ရှားတာရော ရင်ခုန်တာတွေရော...အားလုံးပေါင်းလိုက်တော့ ခြေဖျားလက်ဖျားတွေပင် အေးစက်လို့.....။
ရိပေါ်တစ်ယောက်ကတော့ ရှောင်းကျန့် လက်ပြန်မပြမချင်း လက်ကိုမချဘူးဟု အဓိဌာန်ထားသလား မပြောတတ်....။
ရှောင်းကျန့်ကို ကြည့်ပြီး လက်ကို အဆက်မပြတ်ဝေ့ယမ်းပြနေသည်...။
ရှောင်းကျန့်လဲ နောက်ဆုံးတွင်တော့ လက်ပြန်ပြလိုက်ကာ ပြုံးပြလိုက်သည်....။
တစ်ဆက်တည်းမှာ Fighting!!! ဟု အမူအရာနှင့် လုပ်ပြလိုက်သည်....။
ထိုအခါမှ ဝမ်ရိပေါ်က လက်ပြန်ချသွားကာ ခေါင်းလေးငြိမ့်ပြီး ပြုံးပြသည်....။ရှောင်းကျန့် ရုတ်တရတ် လူတွေအများကြီး စိုက်ကြည့်နေသလို ခံစားရ၍ ဘေးဘီကို လှမ်းကြည့်လိုက်တော့ ph ကိုယ်စီ camera ကိုယ်စီ ကိုင်ထားသော မိန်းကလေးများက မိမိအား အံ့သြစွာ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်....။
ရှောင်းကျန့်လဲ အူကြောင်ကြောင်လေး ဖြစ်သွားကာ မည်သို့ တုံ့ပြန်ရမည်ကို မသိသည့်အတွက် ပြုံးသာပြုံးပြလိုက်သည်....။ ထိုအခါမှ ထိုမိန်းကလေးများက ပြန်ပြုံးပြကာ အရှေ့သို့ လှည့်သွားတော့သည်.....။
''အဲ့တာ ရိပေါ် fan တွေ....''
devil က အလိုက်သတိ ရှင်းပြသည်...။
![](https://img.wattpad.com/cover/296401189-288-k764991.jpg)
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...