Ep 27

859 54 0
                                    

Unicode...

အားလုံးစားပြီးသောက်ပြီးကြချိန်တွင် ဝမ်ရိပေါ်တစ်ယောက် ထုံးစံအတိုင်းနေရာမှထပါပြီ....။
ပြီးလျှင် ပန်းကန်တွေကို ဆင့်ပြန်သည်...။
ဒီတစ်ခါတော့ ရှောင်းကျန့် မအံ့သြနေတော့ ကြောင်မနေတော့...။ ချက်ချင်းသိလိုက်ပြီ...။
ဒီကလေး ပန်းကန်ဆေးဖို့ ပြင်နေပြန်ပြီ.....။

''Wang ထားလိုက်...ကိုကို သိမ်းလိုက်မယ်...မင်းပင်ပန်းနေတာမဟုတ်လား သွားနားလိုက်တော့...''

''ရပါတယ်ဗျာ ကျွန်တော်က အေးဆေးဘဲ ကိုကိုသာ ပင်ပန်းနေမှာ...ကိုကို သွားနားလိုက်နော်...''

ရှောင်းကျန့်က ရိပေါ် လက်ထဲမှ ပန်းကန်တွေကို လု....ရိပေါ်ကလဲ မပေးဘဲ ရှောင်...။

ကြာလာတော့ ရှောင်းမာမားမှာ စိတ်မရှည်တော့ဘူး ထင်ပါရဲ့...။

''ကဲကဲ...တော်ပြီ...နှစ်ယောက်အတူတူသိမ်း...နှစ်ယောက်အတူတူဆေး ဟုတ်ပြီလား ငြင်းခုန်မနေကြနဲ့....''

''ဟုတ်ကဲ့...''

ဒီလိုကျပြန်တော့ နှစ်ယောက်လုံး ငြိမ်သွားကြပြန်သည်...။

''ပေါ်ပေါ် သားဒီနေ့ ဒီမှာဘဲ အိပ်သွားမှာလား???''

''ဗျာ...ဟုတ်...ဟုတ်ကဲ့ အဲ့လိုရလား မား...''

''မေးနေစရာလိုသေးလို့လား??? အရင်ကရော ဒီလိုဘဲ လာနေကြမဟုတ်လား???''

သားအမိတွေလို့ မပြောရဘူး လေသံက တစ်ပုံစံတည်း ထွက်လာသည်....။

''အဲ့တာက...အရင်က ပြီးတော့ နေ့လည်ဘဲနေတာလေ အခုလို ညအိပ်ညနေမှ မနေဘူးဘဲ မားကလဲ...
အခုက အရင်လိုလဲ မဟုတ်တော့ဘူး....သားက အခု ကိုကို့ရဲ့ချစ်ရသူ ဖြစ်သွားပြီလေ...''

ပုံမှန်အချိန်ဆို ကျွန်တော်ဟု သုံးနှုန်းတတ်တဲ့ ကောင်လေးက အခုလိုချွဲချင်တဲ့ အချိန်ဆို သား ဟု သုံးနှုန်းတတ်ပြန်သည်....။
ရှောင်းကျန့်မှာ ချစ်ဖို့ကောင်းတဲ့ ကလေးပေါက်ကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့...။

တစ်ယောက်ထဲ ကျိတ်ကာ တပြုံးပြုံးဖြစ်နေသော ရှောင်းကျန့်ဆီသို့ မျက်ဝန်း ၃ စုံ၏ အကြည့်များက ချက်ချင်းရောက်ရှိလာသည်...။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now