Unicode....
''Wang ရာ မျက်နှာကြီးက ဘာလို့ စူပုတ်နေရတာတုန်း....''
အလုပ်ကိစ္စဖြင့် အပြင်ထွက်လာရင်း Wang ရုံးခန်းသို့ ဝင်ခဲ့ခြင်းဖြစ်သည်....။ ခရီးက ပြန်ရောက်တော့ Wang က အိမ်သို့ ပြန်သွားခဲ့သည်...။
အခုဘဲခွင့်ပြု အခုဘဲ အိမ်ပေါ်တက်နေပါက မားတို့အမြင်စောင်းမည်ကို စိုးရိမ်သောကြောင့်ဟု ဆိုသည်...။ မားတို့က ဘာမှမဖြစ်ဘူး...သူကသာ ကြံဖန်တွေးတောပြီး စိတ်ပူနေခြင်း ဖြစ်သည်....။ ဒီကြားထဲတွင် နှစ်ယောက်လုံး အလုပ်ကိုယ်စီနှင့် ဖြစ်နေ၍ မအားကြပေ....။
အခု ရှောင်းကျန့်အလုပ်ပြီးပြီးချင်း Wang ဆီသို့ အပြေးလာခဲ့သည်...။ သို့သော် မောင်းမင်းကြီးသားလေး၏ စူပုတ်နေသော မျက်နှာလေးဖြင့် ကြိုဆိုခြင်းကို ခံလိုက်ရတော့သည်....။
''ကိုကို ~~~''
ရိပေါ်က ချွဲပစ်နေသော အသံဖြင့် ရှောင်းကျန့်ရှိရာသို့ အမြန်ပြေးလာကာ ရှောင်းကျန့်အား တင်းနေအောင် ဖက်ထားတော့သည်....။
''Wang ဘာဖြစ်လို့လဲ???''
''ခဏလေး...ကိုကို့ဆီကနေ ခွန်အားတွေယူနေတာ....''
ပြောရင်းဆိုရင်း ရိပေါ်က ရှောင်းကျန့်ပါးလေးကို ဖြတ်ကနဲ လှမ်းနမ်းလိုက်သည်....။ ထို့နောက် ရှောင်းကျန့် ပုခုံးပေါ်တွင် မေးတင်ထားပြန်သည်...။
အချိန်တခဏအကြာမှ ရှောင်းကျန့်က ဖက်ထားသည်ကို ဆွဲဖယ်လိုက်သည်...။ Wang နှင့် စကားအေးဆေးပြောချင်သောကြောင့်ပင်...။ Wang မျက်နှာလေး နွမ်းနေသည်...။ ဘယ်လောက်တောင် အလုပ်တွေ ပင်ပန်းနေသည်မသိ....။
ရိပေါ်က ရှောင်းကျန့်ကို ဆွဲခေါ်သွားကာ ရုံးခန်းထဲမှ ဆိုဖာပေါ်တွင် ခဏထိုင်ခိုင်းလိုက်သည်...။
သူကမူ အလုပ်စားပွဲဆီသို့ ပြန်လျှောက်သွားကာ operater မှ တစ်ဆင့် အပြင်မှ လက်ထောက်အတွင်းရေးမှူး ကို ညွှန်ကြားလိုက်သည်...။''ငါ့ခွင့်ပြုချက် မရမချင်း တစ်ယောက်မှ အဝင်မခံနဲ့...''
...........
ရိပေါ်မှာ ရှောင်းကျန့်၏ ပေါင်ပေါ်တွင် ခေါင်းအုံးကာ လှဲအိပ်လိုက်သည်...။ ရှောင်းကျန့်က သက်တောင့်သက်သာ မဖြစ်မည်စိုး၍ အနီးမှ ခေါင်းအုံးအသေးလေးအားဆွဲယူလိုက်သည်ကိုပင် ရိပေါ်က တားလိုက်သေးသည်...။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanficအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...