Unicode...
''Wang ထတော့....''
စောင်ပုံထဲ မြုပ်နေအောင် အိပ်နေသော ရိပေါ်မှာ ရှောင်းကျန့်၏ အသံကြောင့် အနည်းငယ်လူးလွန့်လာသည်...။ သို့သော် ခဏတာ...။ မကြာဘူး ပြန်ငြိမ်ကျသွားပြန်သည်....။
ရှောင်းကျန့်က ကုတင်ပေါ်တက်လာကာ ရိပေါ်၏ ပါးဖောင်းဖောင်းလေးအား အသာညစ်လိုက်သည်...။ ထိုအခါ ရိပေါ်က သဘောကျစွာ ပြုံးနေတော့သည်....။ သို့သော်မျက်လုံးများက မဖွင့်.....။
ရှောင်းကျန့်က အားထည့်၍ ညစ်လိုက်သည့်အချိန်တွင်တော့ မျက်နှာမှာ ချက်ချင်းရှုံ့မဲ့သွားတော့သည်....။
''ကိုကို...''
ရိပေါ်၏ အသံလေးမှာ အိပ်ယာနိုးစအချိန်တွင်မို့ ခပ်အက်အက်ဖြစ်နေသည်....။
ရှောင်းကျန့်က နောက်တစ်ကြိမ် ထပ်၍ အားထည့်ကာ ပါးလေးကို ဆွဲညစ်လိုက်သည်...။
''အ...''
ရိပေါ်၏ ပါးစပ်မှ အာမေဋိတ်အသံထွက်လာကာ ရှောင်းကျန့်ဆွဲညစ်လိုက်သော ပါးလေးကို သူ့လက်လေးနှင့်အသာပွတ်သည်...။ မျက်လုံးများကတော့ မဖွင့်လာသေး...။
ရှောင်းကျန့် နောက်တစ်ကြိမ် ထပ်ညစ်ဖို့လက်လှမ်းလိုက်သည့်အချိန်တွင်တော့ ရှောင်းကျန့်၏ လက်မှာ တစ်စုံတစ်ယောက်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရတော့သည်...။
''ကိုကို...ကျွန်တော် နာတယ်...''
ရိပေါ်က ရှောင်းကျန့်၏ လက်လေးကို ဆွဲယူလိုက်ကာ ခုနကရှောင်းကျန့်ညစ်လိုက်သော ပါးလေးမှာ ကပ်လိုက်သည်....။ ရှောင်းကျန့်မှာ ထိုင်နေရာမှ ရိပေါ်၏ ဆွဲယူမှုကြောင့် ရိပေါ်အပေါ်သို့ အုပ်မိုးလုနီးပါး ဖြစ်သွားသည်....။
ယခုအခြေအနေမှာ ရိပေါ်က အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး ရှောင်းကျန့်က ရိပေါ်အပေါ်မှ အုပ်မိုးလုနီးနီးဖြစ်နေသည်...။ ရှောင်းကျန့်၏ လက်လေးမှာ ရိပေါ်လက်၏ ဆုပ်ကိုင်မှုကို ခံထားရသည့်အပြင် ရိပေါ်၏ မျက်နှာတွင်လဲ ကပ်နေသေးသည်...။
ရှောင်းကျန့်မှာ ပါးဖောင်းလေး၏ နူးညံ့မှုကို လက်မှတစ်ဆင့်ခံစားနေရသည်....။ ထိုနူးညံ့မှုလေးတွင်ပျော်ဝင်သွားရကာ ထပ်ပြီးထပ်ပြီး ထိတွေ့ချင်လာသည်...။ ထို့ကြောင့် ကျန်လက်တစ်ဖက်ဖြင့် လွတ်နေသော နောက်ထပ် ပါးဖောင်းလေးကို ထပ်ပြီးဆွဲညစ်ဟန်ပြင်လိုက်သည်...။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanficအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...