Ep 21

989 57 0
                                    

Unicode...

''ကျန့်ကျန့်...''

''ကျန့်ကျန့်... ကျန့်ကျန့်...ကျန့်ကျန့်...''

တံခါးခေါက်သံနှင့်အတူ အဆက်မပြတ်ခေါ်နေသော ရှောင်းမာမား၏ အသံကြောင့် ရှောင်းကျန့် ခေါင်းမြီးခြုံထားရမှ ထထိုင်လိုက်သည်....။

''ဟုတ်...မား...''

''မား ဝင်ခဲ့မယ်နော်...''

ရှောင်းမာမားက အခန်းထဲသို့ ဝင်လာသည်....။
ရှောင်းမာမား အခန်းထဲဝင်လာသည်နှင့် ရှောင်းကျန့်က ပြန်လဲအိပ်လိုက်ကာ တစ်ဖက်သို့ လှည့်လိုက်သည်....။
သူ၏ ငိုထားသောမျက်နှာကို မားကို မတွေ့စေချင်ဘူး...။

''ကျန့်ကျန့်...ဘာဖြစ်လို့ အပြင်ကဘာမှ မစားခဲ့တာလဲ??? တစ်ခုခုစားမလား ???''

''မစားတော့ဘူး...မား...''

ရှောင်းကျန့်က လှည့်မကြည့်ဘဲ ပြန်ဖြေသည်...။

''ကျန့်ကျန့် နေမကောင်းဘူးလား??? တစ်ခုခုဖြစ်လို့လား???''

ရှောင်းမာမား၏ အသံတွင် စိတ်ပူသံအနည်းငယ်ပါလာသည်....။

''သား အဆင်ပြေတယ်မား...ဒီအတိုင်းဘဲ နည်းနည်းအိပ်ချင်နေလို့....ခဏလောက်အိပ်လိုက်မယ်နော်....''

မားအား သူ့အတွက် စိတ်မပူစေချင်ပေ....။

ရှောင်းမာမားက ဘာမှထပ်မ​ပြောတော့ဘဲ အခန်းထဲမှ ထွက်သွားသည်....။ သို့သော် ၅ မိနစ်လောက်အကြာတွင် တံခါးဖွင့်သံကြားရပြန်သည်...။

''မား...သားခဏလောက်အိပ်လိုက်ရင် ကောင်းသွားမှာ...မားစိတ်မပူနဲ့နော်...သားခဏလောက်ဘဲ အိပ်ချင်လို့ပါ....''

ရှောင်းကျန့် လှည့်မကြည့်ဘဲ တရစပ်ပြောနေမိသည်...။ သူအခုအချိန်တွင် စိတ်ထဲ၌ ခံစားချက်မျိုးစုံရောထွေးနေသည်...။ လက်ရှိအခြေအနေကို ခဏလောက်မေ့လိုက်ချင်သည်...။ ထို့ကြောင့် သူအိပ်ဖို့လိုအပ်သည်...။

သို့သော်သူပြောပြီးတာ အတန်ငယ်ကြာသည်အထိကို တစ်ဖက်မှ ပြန်ဖြေသံမကြားရပေ...။
ထွက်သွားသည့်အသံလဲ မကြားရ...။ နောက်ဆုံး ရှောင်းကျန့် မနေနိုင်တော့ဘဲ အိပ်ယာမှ ထထိုင်လိုက်သည်....။ တံခါးဆီသို့ လှမ်းကြည့်လိုက်သည့်အချိန်တွင်တော့ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင် ဖြစ်သွားရသည်....။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now