Unicode....
''မမ ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုတာ ဘာများလဲ???''
''ပြောစရာတွေက များလွန်းလို့ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး....''
ဖုန့်ဟွားက ရယ်ရင်း ဆိုသည်.....။
''မမ အဆင်ပြေသလိုပြောပါ....''
''ပြောစရာဆိုတာက အိမ်က ငဂျစ်အကြောင်းပါ...အရင်ဆုံး မမ အကြောင်းကနေ စပြောပြမယ်နော်.....''
''ဟုတ်ကဲ့...''
............
ငယ်ကတည်းက မိဘများ၏ အလိုလိုက်မှု ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိခဲ့သောကြောင့် ပျော်ရွှင်သောအချိန်လေးများကို ပိုင်ဆိုင်ခဲ့ရသည်....။ အချိန်တစ်ခုအထိပေါ့....။
ထိုနေ့က မားက သူမကို ခေါ်ပြီး စကားတစ်ခွန်းကို ပြောလာသည်....။
''နောက်ဆိုရင် သမီးတစ်ယောက်ထဲ အထီးမကျန်တော့ဘူး....မားဗိုက်ထဲမှာ ကလေးလေး ရောက်နေပြီ....'' တဲ့....။
သူမ မားကို နားမလည်နိုင်စွာ ပြန်ကြည့်လိုက်မိသည်....။
သူမ ဘယ်တုန်းက အထီးကျန်လို့လဲ???
သူမ ပျော်နေသည်လေ....။
ဘာလို့များ သူမကို အထီးကျန်နေတယ်လို့များ ထင်ရက်ရတာလဲ....။မားက သူမ စကားကို ဆက်လာသည်...။
''သမီးက မောင်မောင်လေး လိုချင်လား...
ညီမလေး လိုချင်လား....'' တဲ့....။''ဘာမှ မလိုချင်ဘူး...'' ဆိုသည့် စကားတစ်ခွန်းဆိုကာ သူမ ထိုနေရာမှ ထထွက်လာခဲ့သည်...။
မောင်လေးလဲ မလိုချင်ဘူး....။
ညီမလေးလဲ မလိုချင်ဘူး....။
သူမ ပိုင်ဆိုင်ထားရသော ချစ်ခြင်းမေတ္တာကိုရော ဂရုစိုက်မှုတွေကိုရော မည်သူ့ကိုမှ ခွဲဝေပေးလိုစိတ်မရှိပေ....။
သူမက ငယ်စဥ်ကတည်းက ထိုမျှ အတ္တကြီးခဲ့ပါသည်....။သူမ ထင်ထားသည့်အတိုင်းပင်...။
မားက အရင်ကလို သူမကို အချိန်မပေးနိုင်တော့...။
သူမက မားကို ရှာပြီး အတူကစားဖို့ပြောလျှင်လဲ ပါးက တားသည်....။
မား ဗိုက်ထဲမှာ ကလေးလေးရှိနေတယ်...။
မားအပေါ်မှာ မဆိုးရဘူးတဲ့လေ....။ပါးကရော ဘာထူးလဲ....။
အရင်ကလို အိမ်တွင် မနေနိုင်တော့....။
အလုပ်မှာဘဲ အချိန်ကုန်ဆုံးတာများလာသည်...။
ကလေးလေး ရောက်လာပြီမို့ အလုပ်ကြိုးစားရမည်တဲ့....။
အချိန်တွေကြာလာတာနဲ့အမျှ သူမမှာ မိဘနှစ်ပါးစလုံးဆီမှ ဂရုစိုက်မှုများကို နည်းတထက်နည်းစွာ ရရှိလာသည်....။
အရင်က အိမ်တွင် အပိုလူမခေါ်သော မားကပင်
အရွယ်ငယ်ငယ်ကောင်မလေးတစ်ယောက် ခေါ်ထားလိုက်ပြီ....။
ကိုယ်ဝန်ရင့်လာသည့်အတွက် မားက အနေအထိုင် အသွားအလာကအစ ဆင်ခြင်နေရသောကြောင့်ပင်....။
ပါးက တစ်ရက်ကျတော့ ပြောလာသည်....။
မားဗိုက်ထဲက ကလေးလေးက မောင်မောင်လေးတဲ့....။
မောင်လေး ဖြစ်နေလို့များ ပိုပြီး ဂရုစိုက်နေကြတာလား....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...