Ep 22

919 52 2
                                    

Unicode....

ရှောင်းကျန့် ယခု လေဆိပ်ကိုရောက်နေသည်...။
မလုပ်သင့်မှန်းသိပေမယ့် Wang နှင့် အဝေးဆုံးကို ထွက်ပြေးမိပြန်ပြီ....။

'' ကျန့်ကော...''

ခေါ်သံနှင့်အတူ ရှောင်းကျန့်ဆွဲထားသော luggage မှာ တစ်စုံတစ်ယောက်၏ ဆွဲယူခြင်းခံလိုက်ရသည်....။ ရှောင်းကျန့် အနောက်ကို လှည့်ကြည့်လိုက်တော့ ဆွဲထားသည်မှာ devil....။

''ကျန့်ကော...ဘယ်သွားမလို့လဲ???''

''...."

ရှောင်းကျန့်က ပြန်မဖြေပေ...။ devil ဆွဲယူသွားသော luggage လေးကိုသာ ပြန်ဆွဲယူရန်ပြုသည်...။ devil ကလဲ မပေးဘဲ ရှောင်သည်...။

''ကျန့်ကော!!!''

devil ၏ လေသံမှာ ဒေါသသံပါလာသည်....။

ရှောင်းကျန့်က ဂရုမစိုက်ဘဲ luggage ကိုသာ ပြန်ဆွဲယူသည်....။
devil က luggage ကို သူ၏ အနောက်ကိုပို့ကာ ကွယ်လိုက်သည်.....။

''ကျန့်ကော..... ကောပြောတော့ ရိပေါ်ရဲ့ ပထမဆုံး ပြိုင်ပွဲကို ရအောင် ကြည့်မယ်ဆို...''

devil က လေပြေလေးနဲ့ တဖန်ပြန်ချော့ပြောသည်....။

''......''

''ရိပေါ်ကလေ ကောလာကြည့်မယ်ဆိုပြီး တအားမျှော်လင့်နေတာ...ကောသာ ရောက်မလာခဲ့ရင် သူဘယ်လိုတောင် ဖြစ်သွားမလဲ.....ဒီတစ်ခေါက်က သူ့ရဲ့ ပထမဆုံးပြိုင်ပွဲလဲ ဖြစ်တယ်....ပြီးတော့ ကောရောက်မလာရင် သူ့စိတ်က ဘယ်လိုမှ တည်ငြိမ်မှာ မဟုတ်ဘူး....။ကွင်းထဲမှာ ဒီအတိုင်းတောင် အန္တရာယ်များတာ....စိတ်ကပုံမှန်ဟုတ်မနေတဲ့အချိန်ဆိုရင် ......''

''သွားမယ်...''

devil ၏ စကားပင် မဆုံးသေးဘူး....။ ရှောင်းကျန့်က ရှေ့မှ ထွက်သွားခဲ့ပြီ....။

ကားပေါ်တွင် ရှောင်းကျန့်က devil ကို ကျေးဇူးတင်စကားဆိုသည်....။

''ကျေးဇူးဘဲကွာ...မင်းသာ သတိမပေးရင် ကော အဲ့ဒီအချက်ကို ထည့်မတွေးခဲ့မိဘူး....''

''ရပါတယ်ဗျာ...''

devil က ကားမောင်းနေရင်းနှင့် ပြန်ဖြေသည်....။

''အစက Wang ရဲ့ ပြိုင်ပွဲကို Wang မသိအောင် တိတ်တိတ်လေးလာကြည့်မယ်...ပြီးရင် ပြန်မယ်ပေါ့...ဒါပေမယ့်...... ''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now