Ep 8

1K 64 0
                                    

Unicode...

ရိပေါ်က ဒန်းလေးပေါ်မှာ တင်ပျဥ်ခွေထိုင် နောက်ကို မှီရင်း အေးအေးဆေးဆေး အနားယူနေသည်...။ ရှောင်းကျန့်ကမူ ခြေထောက်နှစ်ချောင်းကို ချထားပြီး ဒန်းကို အရှိန်ယူနေသည်...။ ထို့နောက် ဒန်းကို ဖြေးဖြေးချင်း လှုပ်ယမ်းလိုက်သည်...။

ရိပေါ်က ရှောင်းကျန့်ဘက်ကို လှမ်းကြည့်လိုက်သည်....။ ထို့နောက် ရိပေါ်၏ ကမ္ဘာတွင် အချိန်ယန္တရား ခေတ္တခဏရပ်တန့်သွားတော့သည်...။

ဆွယ်တာအင်္ကျီ အဖြူလေးကို ဂျင်းအပြာဖျော့ရောင်လေးနဲ့ တွဲဖက်ကာ ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားသည့် ကိုကိုက သိပ်လှတာဘဲ...။ ကိုကို လှတာကလေ အေးအေးချမ်းချမ်းလေးနဲ့ လှတာ....။

ကမ္ဘာပေါ်မှာ အလှတရားတွေ အများကြီးဘဲ ရှိတယ်....။
ဒါပေမယ့် အဲ့ဒီအလှတရားတွေထဲမှာမှ အရှားပါးဆုံးက ကိုကို့ရဲ့ အလှဘဲ...။

သူမှတ်မိပါသေးတယ်....။
ကိုကို့ကို ပထမဆုံး တွေ့တဲ့နေ့က....။

ဒီအတိုင်းလေး လမ်းလျှောက်လာတဲ့ ကိုကို့ ကို တွေ့လိုက်တဲ့ ခဏမှာ သူ့စိတ်လုံးဝအေးချမ်းသွားတာ...။

ပြောရရင် မီးတောင်ကနေ ပြန်အလာမှာ ရေခဲမြစ်ထဲ တန်းရောက်သွားသလိုမျိုး...။

အဲ့နေ့က ရာသီဥတု အရမ်းပူနေတာလေ...။
ဒါပေမယ့် ကိုကို့ကို မြင်လိုက်တော့ အဲ့ဒီအပူကို မေ့သွားတယ်...။ ပြီးတော့ ကိုကို့ဆီမှာ သံလိုက်ဓာတ်ရှိနေတယ်ထင်တယ်...။ သူဘာမှတောင် မတွေးနိုင်တော့ဘဲ ကိုကို့နောက်ကို တောက်လျှောက်လိုက်နေခဲ့တာလေ...။ cotton candy ကို လက်ချောင်းလေးနဲ့ အသာဖဲ့ကာ ဖြေးဖြေးချင်း အရသာခံနေသည့် ကိုကို့ပုံစံလေးကို ကြည့်ရင်း သူ့မှာ အသက်ရှုပင်ရပ်မတပ်...။ အဲ့ဒီလို ကိုကို့ရဲ့ ပြုစားမှုအောက်မှာ မြောသွားတာက ကိုကို နောက်လှည့်ကြည့်မှဘဲ အသိဝင်တော့တယ်....။ ဒါပေမယ့် ဘာလို့ သစ်ပင်နောက်မှာ ပြေးပုန်းမိလဲ မသိပါဘူး...။ ကိုကိုနဲ့ ပထမဆုံးတွေ့တဲ့အချိန်တုန်းက ခပ်မိုက်မိုက်လေး တွေ့လိုက်ရမှာကို...။ အခုတော့ သူ့မှာ အဲ့နေ့က အကြောင်းပြန်တွေးလိုက်ရင် ကိုယ့်ကိုယ်ကိုယ် သူငယ်နာမစင်တဲ့ ကလေးတစ်ယောက်လိုဘဲ ခံစားမိတယ်....။ ကိုကိုလဲ အဲ့လိုဘဲ တွေးသွားတယ်ထင်ပါတယ်...။ ကြည့်ပါလား...အဲ့နေ့က cotton candy တောင် လာကျွေးလိုက်သေးတယ်...။ အမယ်....အပြန်မှာတောင် ပေးလိုက်သေးတာနော်....။ ကိုကိုကတော့ တကယ်ပါဘဲ...။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now