Unicode....
နေ့လည် ထမင်းစားချိန်တုန်းက ရိပေါ်က ရှောင်းကျန့်အား ညနေကျောင်းဆင်းရင် သူ့ကို စောင့်ရန် မှာထားသည့်အတွက် ရှောင်းကျန့်လဲ အတန်းရှေ့တွင် ရပ်စောင့်နေသည်....။ ကျောင်းရှေ့မှာ စောင့်ပါမည်ဆိုတာကို မဟုတ် အတန်းရှေ့မှာ စောင့်ရမည်တဲ့...။ အရစ်ကလေးက တကယ် ရစ်လွန်းလှသည်....။ တစ်ခု ထူဆန်းသည်မှာ ဝမ်ရိပေါ်နှင့် သူ ခင်လာတာ ၃ နှစ်ကျော် ၄ နှစ်ရှိတော့မည်...။ ရိပေါ်က တစ်ခါမှ သူ့အား ကျောင်းဆင်းစောင့်ဖို့ မပြောဖူးပေ...။ သူသိတာပေါ့...။ ညနေ ကျောင်းဆင်းရင် ထိုကလေးက သူ့ကိုကွယ်ရာကနေ ချောင်းကြည့်နေတတ်တာကို...။ ဒါပေမယ့် တစ်ခါမှ သူ့အနားလဲ မလာသလို အိမ်အတူပြန်ဖို့လဲ မပြောဖူးပေ...။
ကျောင်းတွင် လူကုန်ခါနီးအချိန်တွင်မှ ရိပေါ်က ရှောင်းကျန့်တို့ ကျောင်းဆောင်သို့ရောက်လာသည်...။ ကော်ရစ်တာမှာ ရပ်နေသော ရှောင်းကျန့်အား တွေ့သည်နှင့် ရိပေါ်က လက်ကိုမြှောက်ကာ ရမ်းပြသည်...။ ပါးနှစ်ဖက်ကလဲ မို့တက်နေအောင်လဲ ပြုံးနေသေးသည်...။ ထို့နောက် ကျောင်းဆောင်ပေါ်သို့ လေ၏အလျင်နှုန်းနှင့် တက်လာသည်....။ ရှောင်းကျန့်အနားသို့ရောက်သည့်အချိန်တွင်တော့ မည်သည့်စကားမှ မဆိုနိုင်တော့ဘဲ အသက်ကို အလုအယက်ရှူနေရသည်...။ လူက မောလွန်း၍ ကုန်းပြီး အမာဖြေနေပေမယ့် လက်တစ်ဖက်ကို မြှောက်ကာ ရှောင်းကျန့်အား ခဏဟု ပြောလိုက်သေးသည်...။ ထိုအခါ ရှောင်းကျန့်က ဆူသည်ဟုလဲ မဆိုသာ ချော့ပြောသည်လဲ မဟုတ်ဘဲ ရိပေါ်အား ပြောတော့သည်...။
"Wang မင်းနောက်က ဘယ်သူလိုက်လာလို့ မင်းက ဒီလောက်ပြေးနေရတာလဲ???''
ရိပေါ်မှာ ရှောင်းကျန့်အား ချက်ချင်း စကားပြန်မပြောနိုင်ပေ...။ခဏနားပြီးမှ ရှောင်းကျန့်ကို အဖြေပြန်ပေးသည်...။
''ဘယ်သူမှ မလိုက်ပါဘူး...ကိုကို တစ်ယောက်ထဲ စောင့်နေတာ တွေ့လို့.... ''
ထိုအခါ ရှောင်းကျန့်က မျက်စောင်းထိုးသည်ဟုလဲ မဟုတ်ဘဲ ရိပေါ်အား အပြစ်တင်ချင်သည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်....။ ရိပေါ်၏ ထိုသို့ မောနေသော ပုံစံကို မြင်ပြီး စိတ်ပူသောကြောင့်ပင်....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...