Ep 14

895 58 2
                                    

Unicode....

ညကတည်းက တမေးမှ အိပ်မရသေးသော ရိပေါ်မှာ မနက်မိုးပင်မလင်းသေးဘူး....။ ရှောင်းကျန့်အိမ်ရှေ့သို့ ရောက်နေလေပြီ...။ သို့သော် မဝင်သွားသေးဘဲ အိမ်ရှေ့ မလှမ်းမကမ်းတွေ စောင့်နေသည်....။

ရိပေါ်တစ်ယောက် လက်က နာရီကို ကြည့်လိုက်သည်....။

''5:00''

ကိုကို ကျောင်းသွားမှာက ၉ နာရီခွဲလောက်မှ ဆိုတော့ လိုတော့လိုသေးတာဘဲ....။ သိပ်တော့လဲ မလိုတော့ပါဘူး....။ ၄ နာရီလောက်ဘဲ လိုတော့တာ....။ ဒါပေမယ့် ၄ နာရီကြီးများတောင် စောင့်ရဦးမှာပေါ့....။ ကိုကို့မျက်နှာလေးကို မြင်ချင်လှပြီ...။ ကိုကို အဆင်မှပြေပါ့မလား....။ ဝမ်ရိပေါ်၏  အတွေးများမှာ ယောက်ယက်ခတ်နေသည်....။

၆ နာရီ....

ရိပေါ်တစ်ယောက် စိတ်မရှည်တော့ပါ....။ ခြံရှေ့သို့ သွားကာ ရှောင်းမာမားအား လှမ်းခေါ်ရန်ပြုသည်....။ သို့သော် အချိန်မှာ တော်တော်လေးစောသေးသည့်အတွက် ပြန်လှည့်လာခဲ့သည်....။

၇ နာရီ....

ခြံရှေ့သွားရပ်သည်....။ အချိန်ကြည့်ပြီး လူကြီးများကို အားနာ၍ ပြန်လှည့်ခဲ့ပြန်သည်....။

၈ နာရီ ထိုးသည်နှင့် ခြံရှေ့သို့သွားကာ ရှောင်းမာမားအား အော်ခေါ်တော့သည်....။ အချိန်ခဏကြာပြီးနောက် ရှောင်းမာမားက ခြံတံခါး လာဖွင့်ပေးသည်....။ ရှောင်းမာမားပင် ခြံတံခါးကို အဆုံးထိ မဖွင့်ပေးရသေးဘူး....။ ရိပေါ်က အတင်းတိုးဝင်လာတော့သည်....။ အထဲရောက်သည်နှင့် ရှောင်းမာမား၏ လက်မောင်းကို ကိုင်ကာ သိချင်သည်ကို အလျင်အမြန်မေးပြန်သည်...။

''မား...ကိုကိုရောဟင်...''

''ပေါ်ပေါ်ရယ်....ဖြေးဖြေးမေးပါရှင်...အလန့်တကြားနဲ့ ဘယ်လိုဖြစ်လို့တုန်း....''

''အာ....မဟုတ်ပါဘူး...ကိုကို အဆင်မှပြေရဲ့လားလို့....''

''ဒီကလေးတွေနှယ်...စိတ်ချင်းများဆက်နေကြသလား...ကျန့်ကျန့် နေမကောင်းဘူး သားရယ်....မေးတော့လဲ ညက ရေချိုးတာကြာသွားလို့လို့...ပြော.....''

ရှောင်းမာမားပင် စကားမဆုံးသေး...။ ရိပေါ်က အပေါ်ထပ် ရှောင်းကျန့်အခန်းရှိရာသို့ အမြန်ပြေးသွားသည်...။ လှေကားထစ်များကိုပင် နှစ်ဆင့်ကျော်လိုက် သုံးဆင့်ကျော်လိုက်နှင့် တက်သွားခဲ့သည်....။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now