Unicode....
အားလုံး စားပြီးသောက်ပြီးကြသည်နှင့် ရိပေါ်က ထကာ ပန်းကန်များကို ဆင့်တော့သည်...။ ရှောင်းမိသားစု တစ်စုလုံးမှာ မူလပထမက ကြောင်ပြီး ကြည့်နေကြသေးသည်...။ ရိပေါ်အားလုံးသိမ်းပြီး ပန်းကန်များကို မ သည့်အချိန်တွင်တော့ ရှောင်းကျန့်မှာ မနေနိုင်တော့...။
''Wang မင်း ဘာလုပ်မလို့လဲ???''
''ပန်းကန်ဆေးမလို့လေ...''
ရှောင်းကျန့်မှာ ရိပေါ် ပုံစံအား ကြည့်ပြီး ရီချင်သည့်စိတ်ကို မနည်းထိန်းထားရသည်...။ သို့သော် ခပ်တည်တည်နှင့် ရိပေါ်ကို မေးသည်...။
''Wang မင်းက ဆေးတတ်လို့လား???''
သူသိတာပေါ့....။ ဒီကလေး ပန်းကန်မဆေးတတ်ဘူးဆိုတာ...။ သက်သက်မဲ့ မားနဲ့ ပါး ရှေ့မှာ တအားတွေ လိမ်မာပြချင်နေတာ....။
ရိပေါ်က ပန်းကန်များကို လက်ကကိုင်ထားရင်း ရှောင်းမာမား နှင့် ပါပါးကို လှမ်းကြည့်ကာ သွား ၃၂ ချောင်းပေါ်အောင် ဖြီးပြသည်....။ထို့နောက် ဘာအဖြေမှ မပေးဘဲ မီးဖိုချောင်ထဲ တန်းနေအောင် ပြေးတော့သည်...။ မပြေးခင် ရှောင်းကျန့်ဘက် လှည့်ကာ အော်သွားသေးသည်...။
''ကိုကို လိုက်ခဲ့...''တဲ့
ရှောင်းကျန့် ခေါင်းလေးတစ်ခါခါနှင့် အနောက်က လိုက်သွားသည်...။ မီးဖိုခန်းထဲ အရောက်မှာတော့ တစ်စုံတစ်ယောက်၏ လက်မှ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်...။ သေချာတာပေါ့ ရိပေါ်ပါဘဲလေ...။
ရိပေါ်က ရှောင်းကျန့်အား လက်မှ ဆွဲ၍ ဘေစင်သို့ ရောက်သည်အထိ ခေါ်လာခဲ့သည်...။ ဘေစင်သို့ အရောက်မှာတော့ ရှောင်းကျန့်လက်အား လွှတ်ပေးသည်...။
''ကိုကိုက မကောင်းဘူးဗျာ...''
''ဘာကိုမကောင်းတာတုန်း ...''
ရှောင်းကျန့်က သူဘာမှ မသိသည့်ပုံစံဖြင့် ရုပ်တည်နှင့် ပြန်ဖြေသည်...။
'' ကိုကို သိရဲ့နဲ့ တမင်လုပ်တာကို ပြောတာ...''
''ဟ ကိုကိုက ဘာသိရမှာတုန်း Wang ရ...''
''ကျွန်တော် ပန်းကန်မဆေးတတ်တာကို သိရဲ့နဲ့ မားတို့ရှေ့မှာ တမင်မေးတာကို ပြောတာ...''
![](https://img.wattpad.com/cover/296401189-288-k764991.jpg)
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanficအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...