Unicode....
ဘာစကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ ရိပေါ်တစ်ယောက် ဒီအတိုင်းသာ ကြောင်ပြီး ရပ်နေမိသည်....။ အချိန်အနည်းငယ်အကြာမှသာ အသိစိတ်ပြန်ဝင်လာသည်....။
''ကိုကို!!!''
ရိပေါ်က ရှောင်းကျန့်အား မယုံနိုင်စွာငေးကြည့်နေသည်...။ ထို့နောက် ရှောင်းကျန့်ခါးလေးကို တင်းနေအောင် ဖက်ထားလိုက်တော့သည်....။
ရှောင်းကျန့်ကလဲ ဒီအတိုင်းသာ ရိပေါ်ရဲ့ ကျောလေးကို ပွတ်ပေးနေသည်....။ သို့သော် အချိန်အနည်းငယ်အကြာတွင် ရှောင်းကျန့်တစ်ယောက် ပုခုံးပေါ်မှ စိုစွတ်မှုကို ခံစားလိုက်ရသည်....။ထို့ကြောင့် ရိပေါ်ရဲ့ လက်မောင်းကို ကိုင်ကာ ဖက်ထားသည်ကို ဖယ်လိုက်သည်....။Wang မျက်ဝန်းတွေ မျက်ရည်စများ....။
Wang ငိုနေတယ်....။''ဘာလို့လဲ Wangရာ...''
ရှောင်းကျန့်က ရိပေါ်မျက်နှာလေးကို စိုက်ကြည့်ကာ မျက်ရည်စများကို သုတ်ပေးလိုက်သည်...။
''မျှော်နေခဲ့တာ...ဒီစကားနှစ်ခွန်း ကြားရမယ့်နေ့ကို မျှော်နေခဲ့တာ...ကြားခွင့်မှ ရနိုင်ပါဦးမလားဆိုပြီး အများကြီး စိုးရိမ်နေခဲ့တာ...''
ရှောင်းကျန့် သုတ်ပေးနေပေမယ့် ရိပေါ်၏ ကျဆင်းနေသော မျက်ရည်စများမှာ မရပ်တန့်သွားသည့်အပြင် တိတ်တိတ်လေး မျက်ရည်ကျနေရာမှ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးနေတော့သည်....။
ရှောင်းကျန့်မှာ ရိပေါ်ရဲ့ ခေါင်းလေးကို ဆွဲယူကာ ရင်ခွင်ထဲထည့်ထားလိုက်တော့သည်....။ ခေါင်းလေးကို အသာပွတ်ပေးကာ နှစ်သိမ့်ပေးနေပေမယ့် ရှောင်းကျန့်၏ မျက်ဝန်းတစ်စုံမှာလဲ မျက်ရည်စများနဲ့သာ....။
တဖြေးဖြေးနှင့် ရိပေါ်၏ ငိုသံမှာ တိုးသွားသည်...။ထို့နောက် ဖက်ထားရာမှ ရှောင်းကျန့်ကို မော့ကြည့်လာသည်....။
''ကိုကို ကျွန်တော် ကလေးဆန်သွားပြီလား???
ကျွန်တော် မငိုမိဖို့ ထိန်းသေးတယ်...ဒါပေမယ့် ဒါပေမယ့်....... ''ရိပေါ်က ရှောင်းကျန့်မျက်နှာလေးကို မဝံ့မရဲကြည့်ကာ ရှင်းပြနေသည်...။ သို့သော် စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပါ....။ ရိပေါ်၏ နှုတ်ခမ်းလေးမှာ တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းလေးဖြင့် ပိတ်ခြင်းကို ခံလိုက်ရလေပြီ.....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...