Ep 29

704 46 0
                                    

Unicode...

luggage ကိုင်ကာ ဆင်းလာသော ရှောင်းကျန့် နှင့် ရိပေါ်တို့ နှစ်ယောက်မှာ  အိမ်ပေါက်ဝတွင် ရပ်စောင့်နေသော ရှောင်းမာမားနှင့် ပါပါးအား
ရုတ်တရပ်တွေ့လိုက်ရ၍ လန့်သွားရသည်....။

မနေ့တုန်းကတည်းက ခရီးသွားမည့်အကြောင်းကို ကြိုပြောထားကာ တစ်ခါတည်းနှုတ်ဆက်ပြီးသားဖြစ်သည်....။ အခုလို ရပ်စောင့်နေလိမ့်မည်ဟု လုံးဝမထင်ထား....။

''မားတို့က ဘာလုပ်နေတာလဲ???''

ရှောင်းကျန့်က ဦးစွာ ရှောင်းမာမားအနားသို့ သွားကာ ဖက်လိုက်သည်...။
ရိပေါ်က နောက်မှ luggage နှစ်ခုဆွဲကာ လိုက်လာခဲ့သည်....။

''သားတို့ကို စောင့်နေတာ...''

''ပြောစရာရှိလို့လား??? "

''ထွေထွေထူးထူးတော့ မရှိပါဘူး...သားတို့ကို လိုက်ပို့မလို့လားလို့ပါ...''

''မလိုပါဘူး မားရာ...သားတို့က ကလေးမှ မဟုတ်တာ....''

ရိပေါ်မှာ ကလေးမဟုတ်တော့ဘူးဟု ဆိုရင်း ကလေးတစ်ယောက်လို ချွဲနေသော ရှောင်းကျန့်အား ကြည့်ကာ မပြုံးဘဲမနေနိုင်တော့....။

ကိုကိုက ကလေးလေးဘဲကို....။

ရှောင်းမာမားက ရိပေါ်နားသို့ လျှောက်လာကာ luggage ကို ကိုင်ထားသော  ရိပေါ်၏ လက်လေးအား အပေါ်မှ ဆုပ်ကိုင်လိုက်သည်...။

''ပေါ်ပေါ်.... မား ကျန့်ကျန့်ကို သားလက်ထဲအပ်တယ်နော်...မင်းကိုကိုက နည်းနည်းဆိုးတာတော့ သိတယ်မလား???''

''ဟုတ်ကဲ့...ကျွန်တော် ကိုကို့ကို သေချာဂရုစိုက်ပါ့မယ်ဗျ...''

ရိပေါ်က ရှောင်းမာမား၏ စကားကို ယဥ်ကျေးစွာဖြင့် ဂရုတစိုက် ပြန်ဖြေသည်....။

ရှောင်းကျန့်မှာသာ ဘေးမှရပ်ကြည့်နေရင်း မယုံနိုင်ဖြစ်နေရသည်....။

ဘယ်နှယ့် သူ့ကိုများ အခုမှ အသက်ပြည့်ခါစ ကလေးတစ်ယောက်လက်ထဲ အပ်တယ်တဲ့....။
ဘယ်လိုဘဲစဥ်းစားစဥ်းစား မဖြစ်သင့်တာကို....။

''မား Wang က အခုမှ အသက်ပြည့်တာနော်...''

''သိတယ်လေ...အဲ့တာ ဘာဖြစ်လို့လဲ???''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now