Ep 7

984 64 0
                                    

Unicode...

ခြံဝန်းကျယ်ကြီးထဲတွင် ပန်းမျိုးစုံကို အရောင်အသွေးစုံလင်စွာ အလှစိုက်ပျိုးထားသည်...။ ထိုအရောင်အသွေးစုံလင်ပြီး လှပလှစွာသော ခြံဝန်းထဲတွင် အဝါရောင် နှစ်ထပ်အိမ်လေးတစ်လုံးသည် ဒဏ္ဍာရီဆန်ဆန် တည်ရှိနေသည်...။ စိတ်ကူးယဥ်ဆန်ဆန် ပုံပြင်ထဲတွင်ပင် ရှိတတ်သည်ဟု ထင်မှတ်ထားသော အိမ်လေးက အပြင်တွင် လက်တွေ့ရှိနေသည့်နှယ်...။ ခြံဝန်းတံခါးမှစ၍ ခေတ်မှီ မြို့ပြနှင့်ဆန့်ကျင်ဘက် အငွေ့အသက်ကို ပေးစွမ်းသည်...။ ပုံမှန်မြင်နေကြ သံဗန်းတံခါးတွေ အုတ်တံတိုင်းတွေအစား သစ်သားတံခါးကို အသုံးပြုထားသည်...။ ထိုသစ်သားတံတားတွင်လဲ အဝါရောင်ပန်းပွင့်လေးတွေ ပွင့်နေသော ပန်းပင်တစ်မျိုးက နွယ်ကြိုးသဖွယ် ရစ်ပတ်နေသေးသည်...။ ခြံဝန်းထဲတွင်လဲ တမံတလင်း မရှိပေ...။ ခြံဝန်းတစ်ဝင်းလုံးအပြည့် မြေကြီးတွေသာ ရှိသည်...။ သို့သော် နေရာလွတ်မရှိလုနီးပါးပင် ပန်းပင်များကို စိတ်ပျိုးထားသည်...။ ထိုအိမ်လေးကို ပုံပြင်ဆန်စေသည်က မီးခိုးခေါင်းတိုင် ပါရှိနေခြင်းပင်....။

ရိပေါ်မှာ ခြံဝန်းအပြင်ဘက်တွင် ရပ်ကာ ခြံဝန်းထဲသို့ လှမ်းကြည့်ရင်း အိမ်လေး၏ အလှအပကို သေချာခံစားနေသည်...။ ယခင်က ကိုကို့ကို အိမ်ရှေ့ထိလိုက်ပို့ပေးသည်ဆိုပေမယ့် ကိုကို့ကို ပို့ပေးပြီးသည်နှင့် အလျင်အမြန် လှည့်ပြန်ခဲ့သည်...။ ယခုတော့ ခြံဝန်းလေးကို သေချာကြည့်ခွင့်ရခဲ့ပြီ....။

ကိုကိုနှင့် ခင်မင်ရင်းနှီးခွင့်ရသည့်အချိန်မှစ၍ နှစ်အတော်ကြာ....အတိအကျပြောရလျှင် (၆ နှစ် ကျော်) ကြာပြီးသည့်နောက်တွင်တော့ အပြင်ဘက်မှသာ လှမ်းပြီး ခိုးကြည့်ခဲ့ရသည့် အိမ်လေးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရရှိတော့မည်...။ ကိုကို့ အငွေ့အသက်တွေနှင့် ပြည့်နေမည့်အိမ်လေး....ကိုကို ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့သည့် ကိုကို့၏ နေရာလေး....။ မည်သည့်အတွက်ကြောင့် ယခုမှ လည်ခွင့်တောင်းရသလဲဆိုရင် ကိုကို့၏ မိဘများက သူ့အား ကလေးတစ်ယောက်အဖြစ် မမြင်စေချင်လို့ပင်....။ ကိုကို့မိဘတွေကို ယုံကြည်မှုရှိရှိနှင့် တွေ့နိုင်ရန် သူ အချိန်တစ်ခုကို စောင့်နေခဲ့သည်...။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now