Ep 6

1.1K 65 2
                                    

Unicode...

စကိတ်ကွင်း၌ ဖြစ်သည်...။

ဒဏ်ရာတွေကို ကိုကို တွေ့သွားသည့်နေ့က devil. စကိတ်စီးနေသည်ကို မြင်ပြီး သဘောကျသဖြင့် devil အား သင်ခိုင်းကာ စီးကျင့်ခဲ့သောနေ့ ဖြစ်သည်...။ ဖြစ်ချင်တော့ စစ အစမ်းသင်ချင်းနေ့တွင်ပင် ဒဏ်ရာရကာ ကိုကို သိသွားခဲ့သည်....။ ယခုတော့ ထိုအကျိုးဆက်အနေနဲ့ ကိုကို့၏ အကြံပေးချက်အတိုင်း စကိတ်ကွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်...။ ကိုကိုက မာမားနှင့်သေချာပြောကာ စကိတ်ကွင်း၌ ဆရာသီးသန့်နှင့် သင်စေသည်...။

ဒီနှစ်ပိုင်းအတွင်းတွင် ရှောင်းကျန့် နှင့် ဝမ်မာမား က အင်မတန် ရင်းနှီးသွားသည်....။ ရှောင်းကျန့်ကလဲ ကျန်သည့်နေရာတွင်သာ အေးဆေးသည်...။ စကားနည်းသည်....။ ရိပေါ် နှင့်ပတ်သတ်လာလျှင်တော့ မရ...။ တစ်ခါတစ်လေ ဝမ်မာမားထပ်ပင် ကဲကဲသဲသဲဖြစ်သေးသည်....။ ထို့ကြောင့် ဝမ်မာမားမှာ ရိပေါ်ကို ရှောင်းကျန့်နှင့်သာဆိုလျှင် ဘယ်နေရာသွားသွား ဘာလုပ်လုပ် စိတ်ချပြီးသား...။ ယခုလဲ ကြည့်လေ.... သားလုပ်တဲ့လူက ပထမဆုံး စကိတ်စီးသင်မည်ကို ရှောင်းကျန့်ပါ၍ စိတ်ချသည်တဲ့...။ သူ မလိုက်တော့ပါဘူးတဲ့လေ....။

စကိတ်စီးဖို့ရာအတွက် လိုအပ်သည့်အကာအကွယ်များကို ဝတ်ဆင်ပြီးသည့်နောက်တွင် ရိပေါ်က စကိတ်ဘုတ်ကို ကောက်ယူကာ ဆရာရှိရာသို့ သွားရန်ပြင်သည်...။ ဆရာက ကွင်းထဲတွင် ရပ်စောင့်နေသည်...။ ဆရာနှင့် သေချာတိုင်ပင်ပြီး လူရှင်းသည့်အချိန်ကို ရွေးကာ သင်သည့်အတွက် ကွင်းထဲတွင် စီးကျင့်နေသူ တစ်ယောက်စ နှစ်ယောက်စ သာ ရှိသည်....။

"Wang.... ခဏ...''

ရှောင်းကျန့်က ရိပေါ်ကို လှမ်းတားလိုက်သည်...။ ရှောင်းကျန့်၏ အသံတစ်ချက်အောက်တွင် ရိပေါ်၏ ခြေလှမ်းကလဲ တုံ့ကနဲရပ်သွားသည်...။

ရှောင်းကျန့်က ရိပေါ်ဆီသို့ လျှောက်လာပြီး နောက်တစ်ဖန်ထပ်၍ စစ်ဆေးသည်...။ ယခုနကလဲ ကိုယ်တိုင်ဝတ်ပေးလိုက်သည်ဆိုပေမယ့် ရှောင်းကျန့်မှာ စိတ်မချနိုင်ပေ...။ အရင်ဆုံး ဒူးကာကို နေရာမှန်ရဲ့လား စစ်သည်...။ ထို့နောက် တံတောင်ဆစ်ကာ လက်အိတ် ဖိနပ် နှင့် ဦးထုပ်တို့ကို ဆက်ပြီး စစ်ဆေးသည်...။ ဦးထုပ်ကိုပင် လက်နှင့် ခေါက်ကြည့်လိုက်သေးသည်....။ နောက်ဆုံး သူ စိတ်ကျေနပ်သွားမှ ရိပေါ်အား သွားခွင့်ပြုသည်....။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now