Ep 17

878 52 2
                                    

Unicode...

'' လွှတ်လို့...''

အတင်းရုန်းကန်နေသော ရိပေါ်နှင့် မရမက အတင်းဆွဲထားသော devil...... ။

''မလွှတ်ဘူး....မင်းသွားလို့ မရဘူးလေ....''

''မသွားလို့ ရမလားကွ....ဟိုမှာ ကြည့်ပါလား...ငါ့ကိုကို ကိုများ ရာရာစစ....''

ကိုကို့ကို လွမ်းတယ်....ဆိုပြီး ရှောင်းကျန့်ရှိရာ တက္ကသိုလ်မြေသို့ ရောက်ရှိလာသော ရိပေါ်ရယ်ပါ.....။ ဘယ်လိုရောက်လာတာလဲဆိုတော့ ကျောင်းပြေးပြီး ရောက်လာတာပါ....။ ကျောင်းပြေးဖို့ကိစ္စဆို နှစ်ခါပင် တိုင်ပင်စရာမလိုသော devil လဲ အတူတကွ ပါလာလေရဲ့....။

ယခုတော့ devil မှာ လိုက်လာမိခြင်းကို နောင်တရမိသလိုလို....။
ဝမ်ရိပေါ် တစ်ယောက် လွမ်းလိုက်တာ...ဟူသောစကားကို record သွင်းထားသလို တတွတ်တွတ်ရွတ်ဆိုရင်း  တမိုင်မိုင်တထွေထွေ ဖြစ်နေလို့ သနားတာရော ကိုယ်ကိုယ်တိုင်ကလဲ ကျောင်းပျင်းနေတာရော ကြောင့်သာ လိုက်လာခဲ့တာ....။ အခုလို သကောင့်သားလေးကို အတင်းကာရော ဆွဲထားရမယ်မှန်းသိရင် ဘယ်လောက်ဘဲ ကျောင်းပျင်းပျင်း နေခဲ့တယ်....။  မဆိုစလောက်ကလေး ဝင်နေသော သနားစိတ်ကလေးပင် ပျောက်ချင်းမလှပျောက်သွားရသည်...။ ဒီကြားထဲ သူတို့နှစ်ယောက် ဆွဲလားရမ်းလားဖြစ်နေသည်ကို တစ်ချို့တစ်လေက ကွက်ကြည့်ကွက်ကြည့်နှင့်....။ ရှက်တာတော့လဲ မဟုတ်ပေမယ့် အနည်းငယ်တော့ နေရခက်သည်...။

ဤ ပြသနာအရင်းအမြစ်က ကောင်မလေးတစ်ယောက်ကြောင့်ပင်...။ ကောက်မလေးဆိုပေမယ့်လဲ သူတို့ထက်ကြီးတော့ မမ လို့ပြောရမလား....။ လျှာယားလိုက်တာ....။ အစ်မဘဲ ထားပါတော့....။ အစ်မတစ်ယောက်က စ သည်....။ ထိုအစ်မက ဘာလုပ်လို့လဲဆိုတော့ ကျန့်ကောကို ဘာဗူးလဲ မသိဘူး....။ ထိုဗူးကို လာပေးရင်း တစ်ခုခုပြောနေသည်...။ ဘာပြောနေမှန်းတော့ သူလဲ မသိပါဘူး....။ ဗူးပုံစံအရတော့ စားစရာဖြစ်လောက်သည်...။ ထားပါတော့....။ အဲ့ဒါကို သကောင့်သားလေး ရိပေါ်က သဝန်တိုနေခြင်းပင်....။ သူ့မှာ အစကတော့ အဝေးကနေဘဲ လှမ်းကြည့်မှာပါဟု ဆိုပြီး ချောင်းကြည့်နေသေးသည်....။

ထိုအစ်မလဲ ရောက်လာရော သကောင့်သားလေးက ဖင်တကြွကြွ လည်တဆန့်ဆန့် ဖြစ်လာသည်....။ ဟော....ကျန့်ကောကလဲ ပြုံးပြီး စကားပြန်ပြောရော သွားမယ်တကဲကဲ ဖြစ်လာရော....။ သူ့မှာ ပြသနာဖြစ်မှာစိုး၍ ဆွဲနေရခြင်းပင်....။ ပုံမှန်ယောကျာ်းလေးအချင်းချင်းဆို ရန်ဖြစ်ရဲတယ်....။ ဘယ်နှစ်ယောက်ဖြစ်ဖြစ် ကိစ္စမရှိဘူး...။ အခုက တစ်ဖက်သားက မိန်းကလေးဖြစ်နေခြင်းပင်....။ ဘာဘဲဖြစ်ဖြစ် သကောင့်သားလေးကို မဆိုစလောက်ကလေး သနားစိတ်ဝင်လာလို့ ချော့ပြောကြည့်ပါဦးမယ်...။

Sometimes sweet but sometimes hurt (completed)Where stories live. Discover now