Unicode....
ယခု ဖုန့်ဟွမ်လေးမှာ တစ်နှစ်ပြည့်ပြီး ဖြစ်သည်...။
ရှောင်းကျန့် နှင့် ရိပေါ်တွင်လဲ တာဝန်တစ်ရပ်တိုးလာသည်....။
ညနေတိုင်း ဆိုင်ကယ်ဖြင့် မြို့ပတ်ပေးရသည်....။
ဖုန့်ဟွမ်လေးမှာ တခြားနေရာများတွင် ဂျီမကျဘဲ လိမ်မာပေမယ့် ဒီနေရာတွင်တော့ မရ....။
တစ်ရက်ပျက်လိုက်တာနဲ့ ကော့ထိုးနေအောင် ငိုလေတော့သည်.....။ဤအရာ၏ အဓိက တရားခံမှာ တခြားသူမဟုတ် အမောင်ရိပေါ်တည်း....။
တစ်ရက်တွင် ရှောင်းကျန့်မှာ အလုပ်ကိစ္စဖြင့် အပြင်သွားစရာရှိ၍ ရိပေါ်အား ဖုန့်ဟွမ်လေး အိပ်နေသည်ကို စောင့်စေသည်....။
အမောင်ရိပေါ်က ရိုးရိုးတန်းတန်းမစောင့်ဘဲ ဘေးတွင် lego ထိုင်ဆက်ကာ စောင့်သည်...။
အခါတိုင်းဆိုလျှင် ရိပေါ်က lego ကို အခန်းထဲတွင် ဘယ်တုန်းကမှ မဆက်...။
ဖုန့်ဟွမ်လေး မရှိခင်က ဧည့်ခန်းထဲတွင် ထိုင်ဆက်သည်....။
ဖုန့်ဟွမ်လေး ရှိလာတော့ lego အခန်းထဲတွင် ထိုင်ဆက်သည်....။
ရှောင်းကျန့်တွင် ပန်းချီခန်း ရှိသကဲ့သို့ ရိပေါ်တွင်လဲ lego အခန်းရှိသည်....။ထိုနေ့ကတော့ ရိပေါ်မှာ ဖုန့်ဟွမ်လေးကိုလဲ စောင့်ရင်း နားချိန်လဲဖြစ်နေသည့်အတွက် lego ထိုင်ဆက်နေသည်....။အဲ့ဒါကို မောင်မင်းကြီးသားလေးက ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ ရိပေါ်အား ဒီအတိုင်းစိတ်ဝင်စားစွာဖြင့် ကြည့်နေသည်....။ ရိပေါ်လဲ ဆက်ပြီးသွာရော တအင့်အင့်နှင့် ရိပေါ်လက်ထဲမှ ဆိုင်ကယ်ရုပ်လေးကို တောင်းလေတော့သည်....။ ရိပေါ်မှာ နှမြောပေမယ့် ငိုသွားမည်လဲစိုးသဖြင့် ချီတုံချတုံနှင့် ပေးလိုက်ရသည်....။ နိုးနေတာကို နည်းနည်းမျှ အသံမပေးဘဲ အခုတော့ သူ့ရဲ့ရတနာလေး ပါသွားလေပြီ.....။
ထိုနေ့လေးမှ စ၍ ရိပေါ်က ဖုန့်ဟွမ်လေးအား ဆိုင်ကယ်အရုပ်တွေ များစွာဝယ်ပေးလေသည်...။
ခဏခဏဝယ်ပေးနေ၍ ရှောင်းကျန့်ပင် ဆူရသည်....။
ရှောင်းကျန့်က ဆူလျှင် ရိပေါ်မှာ...''သားသားက ကျွန်တော့်ရတနာတွေကို ထိမှာစိုးလို့ပါဗျာ....'' ဟု ပြန်လည်ချေပတတ်သည်...။
သို့သော် သူသိတာပေါ့....။
သားသား ဆိုင်ကယ်ကို စိတ်ဝင်စားသဖြင့် Wang ပျော်နေတာကို....။
အင်း....သူ့ရတနာတွေကို နှမြောတာလဲ ပါချင်ပါမှာပေါ့....။

YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...