Unicode...
ကျောင်းဆင်းချိန်ဖြစ်သည့်အားလျော်စွာ ကျောင်းရှေ့တွင် ကျောင်းသားကျောင်းသူများ ပျားပေါင်းခတ်မတတ် ရှုပ်နေကြသည်...။ မိဘလာကြိုသည့်ကျောင်းသားများရှိသလို ကျောင်းကားဖြင့်ပြန်သည့်သူများလဲရှိသည်...။ ကိုယ့်အစီအစဥ်နှင့်ကိုယ်ပြန်ကြသည့်သူများလဲ ရှိသေးသည်...။ ကိုယ့်အစီအစဥ်နှင့် ကိုယ်ပြန်သည့်ကျောင်းသားများထဲတွင် ရှောင်းကျန့် နှင့် ရိပေါ်တို့နှစ်ယောက်လဲ ပါဝင်သည်....။
ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ကျောင်းသားများမှာ စာအုပ်များကို သွက်လပ်စွာ သိမ်းကြသည်...။ ပြီးသည့်နောက်တွင်တော့ လေ၏အလျင်နှုန်းနှင့် ကျောင်းမှအမြန်ဆုံး ထွက်ခွာနိုင်ရန် ကြိုးပမ်းကြတော့သည်...။ သူ့ထက်ငါ အပြိုင် အိမ်ပြန်နိုင်ဖို့အရေး ကြိုးပမ်းနေကြပေမယ့် ထိုအရာအားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် လူနှစ်ယောက်လဲ ရှိသေးသည်...။
joy က ကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် စာအုပ်များကို အလျင်အမြန်လွယ်အိတ်ထဲကောက်ထည့်သည်..။ အားလုံးသိမ်းဆည်းပြီးသည်နှင့် ရှောင်းကျန့်အားတစ်ချက်လှမ်းကြည့်ပြီး နှုတ်ဆက်ကာ ထွက်သွားတော့သည်...။ ထိုအခါမှ ရှောင်းကျန့်က စာအုပ် တစ်အုပ်ချင်းစီကို လွယ်အိတ်ထဲသို့ အေးအေးဆေးဆေး ထည့်သိမ်းသည်...။ ဘောပင်အိတ်ထဲမှ ဘောပင်အားလုံးကိုပင် ထုတ်ပြီး သေချာပြန်စီပြီး ထည့်လိုက်သေးသည်...။ အားလုံးသိမ်းဆည်းပြီး၍ လွယ်အိတ်ဇစ်ပိတ်ပြီးသည်အထိကို အချိန်ပိုဦးမည်ဖြစ်သည်ကို သိသည့်အားလျော်စွာ နေရာမှ ဖြေးညင်းစွာ ထသည်...။ ထိုင်ခုံကိုတောင် သေချာလေး နေရာကျအောင် စီလိုက်သေးသည်...။ အားလုံးပြီးဆုံး၍ အတန်းပြင်သို့ ရောက်သည်နှင့် ရိပေါ်မှာလဲ အချိန်ကိုက်ပင် ရှောင်းကျန့်အတန်းရှေ့သို့ ရောက်လာသည်...။ ရှောင်းကျန့်ကို တွေ့သည်နှင့် လက်ကို့တာ့တာပြကာ ပြုံးပြတော့သည်...။
သေချာတာပေါ့ ပါးလေးနှစ်ဖက်မို့တက်နေ အောင် ပြုံးဖို့လဲ မမေ့ပါဘူး....။ရိပေါ် နှင့် ရှောင်းကျန့် တို့နှစ်ယောက်ထုံးစံအတိုင်း ရှောင်းကျန့်အခန်းမှ စက်ဘီး stand သို့ လမ်းလျှောက်သွားနေကြသည်...။ သို့ပေမယ့် ရှောင်းကျန့်က ရုတ်တရတ် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်သည်...။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...