Unicode...
ရိပေါ်က အဖြူရောင် lily ပန်းစည်းလေးကို အုတ်ဂူပေါ်တွင် တင်ပေးလိုက်သည်....။ ထိုနည်းတူ ဟုန်လုံ၏ အုတ်ဂူပေါ်တွင်လဲ တစ်စည်းတင်ပေးလိုက်သည်...။
ဖုန့်ဟွား နှင့် ဟုန်လုံတို့၏ အုတ်ဂူများကို
ကပ်လျက်ဆောက်ထားပေးခဲ့သည်...။''မမ...ငါနင့်ကို ခွင့်လွတ်ပါတယ်လို့ တစ်ခွန်းမှ မပြောခဲ့တာက ငါနင့်ကို ခွင့်မလွှတ်နိုင်လို့ မဟုတ်ပါဘူး....ခွင့်လွှတ်ရအောင် နင်မှ ဘာအမှားမှ မလုပ်ထားတာ...ငါ့မှာ နင့်ကို ခွင့်လွှတ်ပေးစရာအကြောင်းမရှိခဲ့ဘူးလေ...ငြိမ်းချမ်းစွာ အနားယူပါ...ဒီဘဝမှာ ငါ့အစ်မ အဖြစ်ရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...နောက်ထပ်ဘဝတွေမှာလဲ ငါတို့မောင်နှမဘဲ ပြန်လုပ်ကြရအောင်...ဒီတစ်ခါတော့ ငါက အကြီးလုပ်ပါ့မယ်....''
ရှောင်းကျန့်က ရိပေါ်၏ ပုခုံးလေးပေါ်တွင် လက်တင်အား အားပေးလိုက်သည်...။
''မမ စိတ်ချပါ...ဖုန့်ဟွမ် လေးကို မမ ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်တို့ သေချာပြုစုစောင့်ရှောက်မှာပါ...''
ထို့နောက် နှစ်ဦးသား လှည့်ပြန်လာခဲ့တော့သည်...။
နာကျင်မှုတွေက မပျောက်သေးပေမယ့်
ရှေ့ဆက်ရမယ်မလား...။
သားလေး ရှိသေးတယ်လေ....။......................
အချိန်ကာလအားဖြင့် လေးလ ကုန်ဆုံးခဲ့ပြီ....။
ဖုန့်ဟွမ်လေးတောင် လေးလ ကျော်လာခဲ့ပြီ....။devil နှင့် Joy က ရိပေါ်တို့ အိမ်သို့ ရောက်ရှိနေကြသည်....။
ယခုဆိုလျှင် devil တို့ နှစ်ဦးမှာလဲ တရားဝင်လက်ထပ်ပြီးကြပြီ ဖြစ်သည်...။
ချစ်စရာ ကလေးမရှိသည့်နှစ်ယောက်မှာ အချိန်ရရင် ရသလို ရိပေါ်တို့အိမ်၌ သောင်တင်နေတတ်သည်....။''ရိပေါ် နို့ဘူး ပါပြီလား???''
''ပါပြီ...အဆင်သင့်ဘဲ...''
''diaper ပါပြီလား??? လဲပေးစရာ အပိုအဝတ်ရော...××××''
''ငါက အဖေပါဟ...အကုန်သိပါတယ်...''
တရစပ်မေးခွန်းများကြား ရိပေါ် စိတ်ရှုပ်လာ၍ အော်လိုက်တော့သည်...။
ဘယ်နှယ့် အဖေတစ်ယောက်လုံး ရှိတာကို ရှေ့မှာ ဖြစ်ပျက်နေတာ....။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...