Ep 18

870 57 0
                                    

Unicode...

'' သွားမယ်...''

ထိုတစ်ခွန်းသာဆိုရင်း ရိပေါ်က devil ဘေးမှ ဖြတ်သွားခဲ့သည်.....။ ထိုအခါ devil မှာ ရိပေါ်နောက်မှ လိုက်ရတော့သည်...။ ပါးစပ်ကလဲ မေးခွန်းတွေတရစပ် မေးလို့.....။

''ဘယ်လိုဖြစ်သွားပြီလဲ??? ပြီးသွားပြီလား??? ကျန့်ကောနဲ့ ဘာတွေပြောခဲ့တာလဲ???''

''ကိုကိုလား??? ဆိုးလို့ ခဏလောက် အပြစ် ပေးထားတာ....''

''အမ်....မင်းက....ကျန့်ကောကို???....''

မယုံသက်ာဖြင့် ပြန်မေးနေသော devil ကို ရိပေါ်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်...။ ထိုအခါ devil က ဆရာကြီးပုံစံဖမ်းကာ ရိပေါ်အား ခနဲ့တော့သည်....။

''ကြည့်ကြသေးတာပေါ့ကွာ....မင်းက အပြစ်ပေးတာလား.....အပြစ်ပေးခံရတာလားဆိုတာ....''

တစ်ပတ်ကျော် အကြာ.....။

ကျောင်းပိတ်ရက်ဖြစ်သည့်အတွက် ရိပေါ်တစ်ယောက် အိမ်တွင် game ထိုင်ဆော့နေသည်....။ ထိုအချိန်တွင် အိမ်ရှေ့မှ bell တီးသံကြားသဖြင့် သွားဖွင့်ပေးလိုက်တော့ ဟောဟဲဆိုက်ကာ အိမ်ရှေ့တွင် ရပ်နေသူက devil....။ တံခါးဖွင့်ပေးပြီး devil မှန်းသိသည်နှင့် ရိပေါ်က အိမ်ထဲသို့ ဒီအတိုင်းပြန်ဝင်သွားသည်...။ သို့သော် ဆိုဖာပေါ်တွင် ဖင်တောင် မချရသေးဘူး devil က အလောတကြီးဝင်လာကာ အော်တော့သည်....။

''မင်းက ဒီမှာအေးဆေးလေးနေနိုင်သေးတယ်နော်....ဟိုမှာ ကျန့်ကောက လေဆိပ်ရောက်နေပြီကွ....''

''အော်..... အချိန်ရောက်ပြီလား???''

ရိပေါ်က ဆိုဖာတွင် အေးဆေးလေး ထိုင်ကာ ph ကို ပြန်ကောက်ကိုင်လိုက်သည်....။

''မင်းသိနေတာလား???''

''ကိုကို့အကြောင်း ကကြီးကနေ အ အထိ မင်းတို့ထပ် ငါပိုသိတယ်....''

''သိရဲ့နဲ့ မင်းမတားဘူးလား???''

ပြောရင်းဆိုရင်း devil က ရိပေါ်ရှေ့တွင် ဝင်ထိုင်လိုက်သည်...။

''တားတော့ရော ကိုကိုက လက်ခံမှာလား???''

''.....''

''ပြီးတော့...ငါ ကိုကို့ဘဝ တိုးတက်ရေးမှာ အတားအစီး တစ်ခု မဖြစ်ချင်ဘူး....''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now