Ep 32

733 37 0
                                    

Unicode...

''ဒါပေမယ့်...''

ထိုစကား၏ နောက်မှ ထပ်ထွက်လာတတ်သည့် နောက်ဆက်တွဲစကားလုံးများကိုတော့ ဖုန့်ဟွား နည်းနည်းမျှမနှစ်သက်ပေ....။
ဒါပေမယ့်ဆိုတဲ့ စကားလုံးက သူမ၏ လွှတ်ချမိသွားသည့် စိတ်ကို ပြန်ဆွဲတင်ပေးတော့သည်...။

တစ်ဖက်မှ လွိမိန်ကော်ကတော့ ဖုန့်ဟွား၏ အခြေအနေကို အနည်းငယ် အကဲခတ်ပြီးမှ သူမ၏ စကားကို ဆက်သည်....။

''တစ်ခုတော့ ရှိတယ်....''

ဖုန့်ဟွားရှေ့ဆက်မည့်စကားအတွက် စိတ်ကို ပြင်ဆင်ထားလိုက်သည်....။

''သမီးတို့ နှစ်ယောက်ကိစ္စကို အန်တီ ဝင်မစွက်ဖက်ဘူး....
ဒါပေမယ့် သမီး အန်တီစိတ်တိုင်းကျတဲ့အထိ အန်တီလေ့ကျင့်ပေးတာကို လက်ခံရမယ်...မိန်းမတစ်ယောက်က အိမ်မှာဘဲနေ ယောကျာ်းပြန်အလာကိုစောင့် အိမ်မှုကိစ္စတွေဘဲ လုပ်ပြီး ဘဝကြီးကို ဖြတ်သန်းရမယ်ဆိုတာကိုမျိုးကို အန်တီလက်မခံဘူး....။ ဒါပေမယ့် သမီးက မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာတဲ့အတွက် အိမ်မှုကိစ္စအဝဝကိုလဲ သမီးနိုင်နင်းရမယ်...အန်တီပြောချင်တာကို သမီး သဘောပေါက်ရဲ့လား...''

''ဟုတ်ကဲ့...''

ငြိမ့်ပြလိုက်သော ခေါင်းနှင့်တကွ သူမ၏ စိတ်အစုံမှာလဲ အောက်သို့ကျသွားတော့သည်...။
ငယ်ငယ်ကတည်းက ဘွားဘွားပြောသမျှ တစ်ခွန်းဆိုတစ်ခွန်း အမြဲတမ်းနားထောင်ခဲ့ပေမယ့် သူမ ဘယ်တုန်းကမှ နားမထောင်ခဲ့သော မလိုက်နာခဲ့သော စကားက ဒီကိစ္စပင်....။

သူမအတွက် မီးဖိုချောင်ဆိုသည်မှာ ဗိုက်ဆာမှသာ ခဏ ဝင်စားသည့်နေရာသာ ဖြစ်သည်....။
တခြားအချိန်တွင် ယောင်လို့တောင် လှည့်မကြည့်တတ်....။

အရာရာတွင် တော်ချင်သည်....။
အမှန်တကယ်လဲ ဇွဲရှိရှိနှင့် ကြိုးစားအားထုတ်သည်....။
မည်မျှပင် ပင်ပန်းခ​က်ခဲသည့် အရာဖြစ်ပါစေ
သူမ ရအောင် ကြိုးစားပြီး အနိုင်ယူသည်...။
သို့သော် ဒီကိစ္စမပါခဲ့....။

ဖုန့်ဟွား၏ အခြေအနေကို ရိပ်မိသော မိန်ကော်က သူမ၏ စကားကို ဆက်သည်.....။

''သမီးအတွက် ခက်ခဲ့မယ်ဆိုတာ အန်တီ နားလည်ပါတယ်....''

''.....''

Sometimes sweet but sometimes hurt (completed)Where stories live. Discover now