Unicode...
မျက်ဝန်းပေါ်သို့ ကျရောက်နေသော အလင်းစူးစူးကြောင့် ရှောင်းကျန့် နိုးလာခဲ့သည်....။
မျက်ဝန်းတစ်စုံကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်သည်တွင် မြင်လိုက်ရသော အရာက အင်မတန်မှ ကျက်သရေရှိလှသည်....။
ဘာကို မြင်လိုက်သည်ထင်ပါလဲ???
သေချာပေါက် Wang ၏ မျက်နှာလေးဘဲပေါ့...။မျက်လုံးနှစ်လုံးဖွင့်သည်နှင့် ချစ်ရသူ၏ မျက်နှာလေးကို ပထမဆုံး မြင်ခွင့်ရခြင်းက မည်မျှပင် ကျက်သရေရှိလိုက်သလဲ???
ရိပေါ်၏ မျက်ဝန်း အနည်းငယ်လှုပ်ခတ်သွားသည်ကို မြင်သည်နှင့် ရှောင်းကျန့် အလျင်အမြန်ပင် မျက်လုံးကို ပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်....။
မနေ့ညက အဖြစ်အပျက်ကြောင့် Wang နှင့် မျက်နှာချင်းမဆိုင်ရဲသေးပေ....။စတွေ့သည့်အချိန်ကစပြီး တွဲလာသည့်တစ်လျှောက်မှာ Wang က သူ့အပေါ် သစ္စာစောင့်သိလွန်းသည်....။
Wang အပိုင်သိမ်းသည်ဆို၍ မိမိ၏ နှုတ်ခမ်းသာရှိသည်...။
ကျန်သည့်မျက်နှာအစိတ်အပိုင်းများကိုမူ ခပ်ဖွဖွသာ နမ်းတတ်သည်...။
တစ်ခါတစ်ရံ ဆံပင်လေး နှင့် လက်လေးကို ဖွဖွလေး နမ်းတတ်သေးသည်....။
ထိုအရာများမှ အပ မည်သည့်ကိစ္စကိုမျှ မကျူးလွန်ခဲ့ အဆင့်မတက်ခဲ့....။
အစက သူတွေးမိသေးသည်....။
Wang တွင် ဒီလိုစိတ်တွေများ မရှိတာလားလို့...။
သူ၏ အတွေးများ မှားယွင်းနေကြောင်းကို မနေ့က Wang က သက်သေပြသွားခဲ့သည်....။သူ့မှာ စုပ်လဲစူး စားလဲရူးသည့်အဖြစ်....။
မိမိ၏ မျက်နှာ အရိပ်အခြည်ကို အကဲခတ်နေသည့် Wang ကြောင့် နာကျင်မှုကို ဖုံးဖိထားရသည်...။
တစ်ဖက်တွင်လဲ အင်မတန်မှ နာကျင်သည်...။
သို့သော် သူပျော်ပါသည်....။
အနှိုင်းမဲ့ပေါ့....။.....
မျက်လုံးကို အတင်းမှိတ်ကာ အိပ်ချင်ယောင်နေသော ကိုကို့ကို ကြည့်ပြီး ရိပေါ် ပြုံးမိသည်....။
မပြောဘူးလား....။
ကိုကိုက တကယ့်ကလေးလေးပါဆို....။
မျက်လုံးကို အတင်းမှိတ်ထားနေသည့်ပုံမှာ အပြစ်ကင်းစင်လှသည်...။
ဒါပေမယ့် တဖြေးဖြေး နီရဲလာသော ကိုကို့မျက်နှာလေး နှင့် နားရွက်ဖျားလေးများကို ကြည့်ပြီး ဒီယုန်ပေါက်လေးက ထင်ထားသလောက် မဖြူစင်မှန်း သဘောပေါက်လာသည်...။
YOU ARE READING
Sometimes sweet but sometimes hurt (completed)
Fanfictionအချစ်??? အချစ်ဆိုတာက ဘာလဲ??? အချစ်ဆိုတာက တစ်နည်းပြောရရင် စိတ္တဇနာမ်ပေါ့ ကိုင်တွယ်ပြလို့လဲ မရဘူး...တကယ်ရှိကြောင်းကိုလဲ လက်တွေ့ကျကျ သက်သေပြလို့မရဘူး...ဒါပေမယ့်လေ...အချစ်ဆိုတာ တကယ်ရှိကြောင်းကို ကျွန်တော်တို့ လူသားတွေဟာ လက်ခံထားကြပါတယ်....။ တစ်ချို့အချစ...