Chapter(2)(U&Z)

24.4K 1.7K 67
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်
Chapter (2)

For zawgyi users, please scroll down the page😘😘.

ကြားလိုက်ရသည့် စကားကြောင့် ကျွန်တော့်ကို ကျွန်တော် ကျွန်တော်များ  သေခြင်းတရားအပေါ် ထိတ်လန့်တုုန်လှုပ်စိတ်တွေ များပြီး ကယောင်ကတမ်း တွေ  ကြားမိသလားဟု  ရှင်းလင်းသေ ချာ အောင်ပြန်မေးလိုက်မိသည်......................။

"ဘာပြောလိုက်တာ လဲ မသိဘူးဗျ..................။ ကျွန်တော် သိပ်နားမရှင်းလိုက်လို့.................။"

"ခင်ဗျားမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောတာပါ.......................။"

အိုး .........အိုကေ..........ဒီလောက်ဆိုရပြီ.................။
ကျွန်တော် သဘောပေါက်လိုက်ပြီ..........။

ကျွန်တော် ကုတင်ပေါ်မှ ထထိုင်လိုက်သည်။
ထို့နောက် ပြူးကြောင်ကြောင်ဖြင့် ထိတ်လန့်နေရှာသည့် ဒေါက်တာလေးကို ပုခုံးတစ်ချက် ပုတ်ပေးလိုက်ရင်း နှစ်သိမ့် လိုက်သည်....... ...........။

"ဒေါက်တာ ဒီတစ်လော ခင်ဗျား ဘွဲ့လွန် တွေ ဘာတွေဖြေဖို့များကြိုးစားနေသလား............။"

"ခင်ဗျာ ........။ ဘယ်လို သိတာလဲ .........။ "

ဆရာဝန်လေးက မျက်လုံးလေး ကလယ်ကလယ် ဖြင့် ပြန်ကြည့်ကာ အူကြောင်ကြောင်မေးလာသည်........................။

ဒါပေါ့ ဒါပေါ့ ကျွန်တော် သိတာပေါ့................။
သူ့ပုခုံးကို အားပေး နှစ်သိမ့်သလို ခပ်ဖွဖွ ဆုပ်ကိုင်ကာ ပုတ်ပေးလိုက်ရင်း ကြင်ကြင်နာနာ ပြောလိုက်သည်.....................။

"အိပ်ရေးဝအောင် အိပ်နော်.................။
အားရှိတာတွေလည်း စားအုံး..........။
ဆရာဝန်ဆိုတာ လူနာတွေရဲ့ ကျန်းမာရေးကို လောက် ပဲဂရုစိုက်ပေးရတာ မဟုတ်ဘူးဗျ.............။
ကိုယ့် ကျန်းမာရေးလည်း ကိုယ် ဂရုစိုက်ရတယ်...............။
ကဲကဲ ဒါဆို ကျွန်တော်သွားပြီ...........။"

"ဟာ ဟေ့လူ................။"

ဒေါက်တာလေးရဲ့ ခေါ်သံကို လျစ်လျူရှုရင်း ကျွန်တော် ဆေးခန်းအတွင်းမှ ထွက်လာခဲ့သည်............။

ဒါကြောင့် ရှေးလူကြီးတွေ ပြောကြတာ “သမား ဆို အို မှ” လို့................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now