Unicode//
ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်
Chapter(13)For zawgyi users, please scroll down the page🥰😘.
ဒီနေ့သည် တနင်္ဂနွေ ရက်မို့ ကျောင်းကော ကျူရှ ကော ပိတ်လေသည်.................။
ဟိုတလောကလို အားလပ်ရက်မှာ အလုပ်သွားလုပ်ဖြစ်တာမျိုးလည်း မရှိတော့ တကယ်ကို အားလပ်၍ နေလေသည်................။
ဖေကြီးနဲ့ ကတောက်ကဆ ဖြစ်ထားသည်က တစ်ကြောင်း ဟိုသေနာ crush ကိုသူ့မွေးနေ့ မှာ အမ်းချင်ခဲ့မိတာက တစ်ကြောင်းကြောင့် ကျွန်တော့် ခမျာ အားလပ်ချိန်တောင် အနားမယူခဲ့မိ...................။
အခုချိန်မှာတော့ အဲ့တာတွေလည်း မရှိတော့ဘူးဆိုတော့ အေးဆေး ကလေးမွေး .....အဲ ............ ဒီ စကားကို အရင်တုန်းက သုံးနေကျဆိုပေမယ့် အခုချိန်မှာတော့ တကယ်ကို မသုံးချင်လှဘူး...........။
အနာပေါ် တုတ်ကျသလို ခံစားရလို့...............။
အေးဆေးအနားယူနေတယ်ဆိုပါတော့............။ထို့ကြောင့် အမုန်း အိပ်ပစ်မည်ဟု ဆုံးဖြတ်ကာ နှိုးစက်ကိုပါ ပိတ်ပြီး အိပ်စက်လိုက် သည်မို့ ကျွန်တော့် နိုးထချိန်က သတ်မှတ် ချက်ကို ကျော်လွန် ကာ ဆယ့်တစ်နာရီ တွင် ဖြစ်လာသည်................။
နိုးထမှု နှင့်အတူ လစ်ဟာ နေသည့် ဝမ်းဗိုက်က အတူတွဲ ပါလာသည်................။
ဆာလောင်မှု ကြောင့် တဂွီ ဂွီ ပင် မြည်နေလေပြီ...................။သွားတိုက် နေရသည့် မိနစ် ပိုင်း မျှ ကြာ ချိန် သည်ပင် ဆာလောင်မှု ကြောင့် ခါတိုင်း ထက် ကြာမြင့် နေသလို ခံစား မိသည်.................။
မျက်နှာ မှ ရေများ ကို သုတ်ရင်း ဝမ်းဗိုက် ကို လက်ဖြင့် ပွတ်သပ်မိသည်..................။
အရင်လည်း အစားပုတ်တယ် ဆိုပေမယ့် အခုနောက်ပိုင်း ပိုစား လာတာကိုသတိထားမိသည်.................။
ကြည့်ရတာ အထဲက ဟာလေးက ကျွန်တော့် ဂျူနီယာ လေး ပီပီ စီနီယာ့ ခြေရာကို တစ်ထပ်တည်း လိုက်နင်း နိုင်မယ့် ဟာလေး ထင်ပါရဲ့..................။
ဟီဟိ ကောင်းတယ်..............။
ဒါမှ ငါ့ကလေးကွ.................။ဂွီ!
YOU ARE READING
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomanceUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...