Chapter(12)(U&Z)

14.7K 1.2K 54
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်

Chapter(12)

For zawgyi users,please scroll down the page🥰😘.

ထိုလူ့ အနမ်းများက ရွေ့လျားလာကာ လည်တိုင် တစ်လျှောက်ကျဆင်းလာသည်.................။

ထိုမှတဆင့် ညှပ်ရိုးသွယ်သွယ်များထံသို့ ငုံ့ကာထွေးယူလိုက်ချိန် တစ်ကိုယ်လုံးရှိ အမွှေးတွေ အကုန် ထောင်  ထ သွားသလို ထင်မှတ်ရသည်...............။

ဒီလူ ဒီလူ အခု ဘာလုပ်ချင်နေတာလဲ..............။

ကြက်သီးထလတ်ထှာ!

"ဒေါင်းဇား  လွတ်စမ်း   လူကိုအခု ချက်ချင်း  လွတ်ပေးလို့.................။"

ထိုလူ့ လက်တစ်ဖက်က ညဝတ်အကျီ ၤ၏ အောက်နားမှ တိုးဝင်ကာ ဝမ်းဗိုက်ကို ထိကိုင်လာချိန်....................။

ဒီအတိုင်း နေလို့တော့ မဖြစ်တော့ဘူး................။
တစ်ခုခု လုပ်မှ ဖြစ်မယ်..................။
မလုပ်ရင် ဒီဒေါင်းဇား က ငါ့ကိုတက်ကျုံး တော့မှာ................။

အနီးနားကို မျက်လုံး ဖြင့် ဝေ့ကာ အကူညီ ဖြစ်လောက်မယ့် ပစ္စည်းကိုရှာကြည့်လိုက်သည်.................။

ထိုလူ၏ မရိုးသားသည့် နောက်လက်တစ်ဖက်က ကျွန်တော့် လက်ကိုစုပ်ကိုင် ထားရာမှ လက်လွတ်ကာ ကျွန်တော့် ခါးကို ဆုပ်ကိုင်လာသည်....................။

ရလောက်မည့် အကူညီ ကို ရှာရင်း ကုတင်ခေါင်းရင်းနားရှိ စားပွဲ ပေါ်တွင် အလှတင်ထားသည့် ခင်္သြေ့ပုံ ကြေး ပန်းပုရုပ်အား လက်ဖြင့် စမ်းကာကိုင်မိသည်.................။

ဟာဟုတ်ပြီ................။!

ထို ကြေးပန်းပုရုပ်အား ဆွဲယူကာ ထိုလူ့ကို ရိုက်ချပစ်လိုက်သည်....................။

အခွင့်အရေးယူဖို့ ကြိုးစာချင်အုံး ဒေါင်းဇား.............!

ခွပ်!

အ!

နာကျင်သွားသည့် ခပ်အုပ်အုပ် အသံ တစ်ခု နှင့်အတူ ထိုလူ သည်ကျွန်တော့် အပေါ်သို့ လဲပြိုကျလာသည်....................။

ဟူး တော်ပါသေးရဲ့.................။

အပေါ်မှ ပိနေသည့် ထိုလူ့ကို တွန်းဖယ်ရင်း အသက်ဝဝရူ လိုက်သည်..............။
တွန်းဖယ်ခံ လိုက်ရသည့် ထိုလူက တုတ်တုတ်မျှ မလှုပ် ငြိမ်ချက်သားကောင်းနေသဖြင့် ထိုလူ့ ကိုလက်ဖြင့်အသာတို့ထိကြည့်ရင်း ခေါ်လိုက်သည်................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Donde viven las historias. Descúbrelo ahora