Unicode//
ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Chapter(39)
For zawgyi users,please scroll down the page😘😘.
အခန်းနံပါတ် ၂၀၆................။
အခန်းရှေ့တွင် ခြေစုံရပ်လိုက်ရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ အခန်းတံခါးကို ခြေထောက် နှင့် ဒုန်းခနဲ ဆောင့်ကန်ကာ ဖွင့် လိုက်သည်..................။
အခန်းတံခါး ပွင့် သွားပြီးနောက် တွင် အခန်းတွင်း မှ ဖရိုဖရဲ ပြန့်ကျဲ နေသည့် မြင်ကွင်း တွေသည် ကျွန်တော့် မျက်လုံး အတွင်း သို့ တန်းခနဲ ဝင်ရောက်လာခဲ့သည်...................။
တောက်!
တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက် မိသည်................။
မျက်နှာ နီရဲကာ ကိုယ်ကို ကုတင် စွန်း တွင် မနည်း မှီ တွယ် အား ပြု ထားရင်း ဝေဒနာ တစ်ခု ကို ပြင်းပြင်း ပျပျ ခံစားနေရသည့် ကလေး..................။
သူ့အနား သို့ ချည်းကပ်ကာ လက်တွေကို အတင်း ဖိချုပ်ကာ ကိုင်တွယ်ဖို့ကြိုးစားနေသည့် ကောင်တစ်ကောင်................။
ဘာကိုမျှ မတွေးနိုင်တော့.................။
တစ်ကိုယ်လုံးရှိ သွေးများ သည် ပွက်ပွက်ဆူ လာမိသလို..................။ဒီလူတွေကို အသေသတ်ပစ်ချင်စိတ်ကသာကြီးစိုးလာခဲ့သည်...................။
အခြေအနေကိုကြည့်ကာ သဘောပေါက်သင့်သလောက် ပေါက်ခဲ့ပြီမို့ ထိုနား သို့ အမြန်ပြေး သွား လိုပ်ရင်း ထိုကောင့်ကို ကလေးထံ မှ ဆွဲဖယ်လိုက်ရင်း မျက်နှာထက်သို့ လက်သီး ဖြင့် တရစပ် ထိုး ချ လိုက်သည်......................။
ဒီလူတွေကို အသေသတ်ပစ်ချင်စိတ်ကသာကြီးစိုးနေခဲ့သည်မို့...................။
သွေးတွေ နှင့် ဝေ သွားအောင် အကြိမ်ကြိမ် ဆောင့်ကန် လိုက်သော်လည်း ဒေါသတို့မပြေနိုင်..................။
ခွပ်!
ဒင်းကများ.........။
မင်းကများ .............။
မင်းကများ ............. မင်းကများ ဟမ့် သူ့ကို မင်းကများ သူ့ကို ထိရဲတယ်တဲ့လား.................။ကျွန်တော့် စိတ်တွေထဲ ဒီကောင့်ကို သတ်ချင်စိတ်တွေသာ ကြီးစိုးနေပြီး ဘာမှ မမြင်နိုင်တော့လောက်အောင်................။
ВЫ ЧИТАЕТЕ
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
Любовные романыUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...