Chapter(51)(U&Z)

11K 798 1
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(51)

For zawgyi users,please scroll down the page😘😘.

စစ်နိုင်၏ ပုခုံး ကို အားကိုးတကြီး ဆုပ်ကိုင်ကာမေးလိုက်မိသည်.......................။

"ခွဲစိပ်ခန်းထဲက ထွက်လာပါပြီ ..................။
အခုတော့ ICU ခန်း မှာ ထားထား တယ်....................။
အသက်အန္တာရာယ်တော့ စိုးရိမ်စရာ မလိုတော့ဘူးလို့ပြောတယ်........................။
ဒါပေမယ့် .....................။"

"ဒါပေမယ့် ဘာလဲ ဘာဖြစ်လို့လဲ....................။"

တစ်ဝက်တစ်ပြတ် ဖြင့် ရပ်နား သွားသည့် စစ်နိုင်၏ စကား ကြောင့် အလောတကြီးဖြင့် ပူပန် စွာ မေးလိုက်မိသည်......................။

"ခေါင်း ကို ပြင်းပြင်း ထန်ထန် ရိုက်မိသွားတဲ့အတွက် ကော်မာ ဝင်သွားနိုင်တဲ့ အခြေ နေ ရှိတယ်လို့ ပြောတယ်.......................။"

ထိုစကားအား ကြားချိန် တစ်ကိုယ်လုံး မှ အားအင်များ ဆုတ်ယူခံ လိုက်ရသလို ခုံ တန်း ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ် ကျ သွား မိသည်......................။

"မရီး မင်း အဆင်ပြေလား  ......................။
သိပ်လည်း စိတ်မပူ ပါနဲ့ကွာ ....................။
ကိုကြီး အဆင်ပြေ သွားမှာပါ.....................။
အခု တောင် မနက် လေးနာရီ ထိုးနေပြီ................။
မင်း တစ်ညလုံး ဒီမှာ နေနေတာမလား....................။
အိမ် ပြန်ရအောင်...................။
ထလာ..............။
မင်း အခု ချိန်မှာ မင်း ကျန်းမာရေးကို ဂရုစိုက်ရမယ်လေကွာ...................။"

စစ်နိုင် သွေးများ ပေကျံ ကာ ညစ်ပတ်ပတ်ဖြစ်နေသည့် ကောင်လေးကိုကြည့်ရင်း စိတ်ပူစွာ ဆိုလိုက်သည်......................။

ဒီကောင်လေးရဲ့ အခြေနေကို ကိုကြီး ပြောပြထားလို့ အကုန် သိထားသည်မို့ ဒီလို လက်လွတ်စပယ် နေနေလို့ မရမှန်း နားလည်မိသည်....................။

အခု အိမ်ပြန် ပြီး အနား ယူ ခိုင်း ကာ ဒေါက်တာဥက္ကာကို လာကြည့်ခိုင်း လိုက်ရမည်...................။

"ငါ ငါ သူ့ကို ခနလောက် သွားကြည့်ချင်တယ်....................။"

"မင်း တွေ့ရမှာပါ ...................။
အခုတော့ မဟုတ်သေးဘူး...................။
နောက်နေ့ ကျရင် ငါကိုယ်တိုင် မင်းကို ခေါ်လာပေးမယ်......................။
အခုတော့ အိမ်ပြန်ပြီး အနားယူ ရမယ် ................။
ထလာ ငါမင်းကို အိမ် ပြန် လိုက်ပို့ပေးမယ်......................။"

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now