Chapter(26)(U&Z)

12.7K 1K 33
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(26)

For zawgyi users,please scroll down the page🥰😘.

"ကျွန်တော် ဘာများကူညီပေးရမလဲခင်ဗျ...........။"

ကျွန်တော်ရင်းနှီးကျွမ်းဝင်နေခဲ့မိသည့် ထိုအသံလေး.............။

နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်တော့ ကျွန်တော် အချိန်ကြာမြင့်စွာ တမ်းတခဲ့ရပါသော အပြုံးမျက်နှာလေးနှင့် ကျွန်တော့် နောက်နားတွင်ရပ်လျက် ကျွန်တော့် အားမေးမြန်းနေသည့် ကျွန်တော့် ကြယ်လေး...................။

ပျောက်ဆုံး သွား ခဲ့သည့် ကျွန်တော် တမ်းတမ်းတတ ရှာဖွေ ခဲ့ရပါသော ကြယ်ကလေး...............။

သိမ့်ခနဲပျော်ရွှင်မှုတွေနှင့် အတူ မထင်မှတ်သည့် တွေ့ဆုံမှုကြောင့် အံ့သြဝမ်းသာမှုတွေကြောင့် ကျွန်တော်  တခနလောက်တော့ ရင်ခုန်စွာ ငေးမိသွားသည်.............။

ဒီ ကောင်လေး ကို ပြောပြချင်တာတွေ အများကြီး ရှိသည်...........။

အရမ်းကို လွမ်းနေခဲ့သည့် အကြောင်းတွေ ကို စာဖွဲ့ မပြတတ်ပေမယ့် မင်းမြင်နိုင်ပါစေ ကောင်လေး................။

ကောင်လေး ၏ အပြုံး မျက်နှာ နှင့် မျက်ဝန်း တွေထဲ ဖော်ရွေ မှု တွေ ရှိနေခဲ့ပေမယ့် သူစိမ်းဆန်လွန်းနေခဲ့သည်....................။

ကျွန်တော့် အတွက်က အမှတ်တမဲ့ မှ အမှတ်တရ ဖြစ်ခဲ့ပေမယ့် သူ့အတွက်ကတော့...................။

ကျွန်တော့် ကို မှတ်မိဟန်မရှိ..................။

အဆင်ပြေပါတယ်လေ.................။
အခု ချိန်မှာ ကိုယ် မင်း ကို ပြန်ရှာ တွေ့ ခဲ့ပြီပဲ..................။
အချိန်တွေ အများကြီး ရှိပါတယ်............။
ကိုယ်တို့တွေ တဖြည်းဖြည်းရှေ့ဆက်သွားကြတာပေါ့.............။

ဒီတစ်ကြိမ်တော့ ကိုယ့်ရဲ့မင်းလေး..............မင်းရဲ့ လက်ကို ကိုယ်လက်မလွတ်တမ်း ဆုပ်ကိုင်ထားတော့မှာ..............။
ကိုယ့်ဆီကနေ နောက်ထပ် ထွက်ပြေး လို့ မရနိုင်တော့အောင်..................။

ထို မှ တဆင့်  ကောင်လေးရဲ့ အကြောင်းတွေကို တိတ်တဆိတ် စုံစမ်းခဲ့သည်..............။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Donde viven las historias. Descúbrelo ahora